နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အားကစား

ကာလို့စ် အယ်လ်ကာရက်ဇ် သည် ဂျင်းနစ်ခ် စင်းနာ (Jannik Sinner) ကို လေးပွဲကစားပြီး အနိုင်ယူကာ US Open ဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူး သွားခဲ့ပါသည်။

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၇) ရက်

ကာလို့စ် အယ်လ်ကာရက်ဇ်ဟာ US Open ချန်ပီယံဆုကို နှစ်ကြိမ်၊ ဂရမ်စလင်းချန်ပီယံဆုကို ၆ ကြိမ် ရရှိခဲ့ပြီးဖြစ်သလို ကမ္ဘာ့အဆင့် ၁ အဖြစ်လည်း ရပ်တည်နေပါတယ်။ နယူးယောက်မှာ သူချန်ပီယံဖြစ်ခဲ့တဲ့ပွဲစဉ်က သူပိုကောင်းလာနေတယ်ဆိုတာကို သက်သေပြခဲ့ပါသည်။ အယ်လ်ကာရက်ဇ်ဟာ ဒီပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တုန်းကလည်း ပထမဆုံးအကြိမ်အဖြစ် အနိုင်ရရှိခဲ့ဖူးပါတယ်။ အီတလီကစားသမား ဂျင်းနစ်ခ် စင်းနာ ကို ၂ နာရီ ၄၂ မိနစ်အတွင်း ၆-၂၊ ၃-၆၊ ၆-၁၊ ၆-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီအောင်ပွဲနဲ့အတူ သူဟာ အမျိုးသား ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ စင်းနား ရဲ့နေရာကို အစားထိုးပြီး ထိပ်ဆုံးနေရာကို ရယူခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံး နှစ်ဦးစလုံးရဲ့ ရိုက်ချက်များသည် သာလွန်ကောင်းမွန် နေခဲ့ပြီး နှစ်ဦးစလုံး အမြင့်ဆုံးအဆင့်သို့ အကြိမ်များစွာ ရောက်ရှိခဲ့သည်။ နောက်ဆုံးတွင် အယ်လ်ကာရက်ဇ်သည် ပွဲစဉ်ရဲ့အများစုကို ဦးဆောင်နိုင်ခဲ့ပါသည်။

ဂျင်းနစ်ခ် စင်းနာ က ကွင်းရဲ့တစ်ဖက်တစ်ချက်ကို အပြင်းအထန်ရိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒုတိယပွဲကလွဲ၍ အယ်လ်ကာရက်ဇ်သည် ခံစစ်အနေအထားကို လုံးဝမရောက်ခဲ့ပါဘူး။ ပွဲအစကတည်းက စပိန်ကစားသမားရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက သိသိသာသာရှိနေတာကို တွေ့မြင်ခဲ့ ရပါသည်။ သူ စင်းနားကို ရှုံးခဲ့တဲ့ပွဲက ပြိုင်ပွဲတစ်ခုလုံးမှာ ရှုံးခဲ့တဲ့ တစ်ပွဲတည်းသောပွဲ ဖြစ်ခဲ့ပေမယ့် ကမ္ဘာပေါ်မှာ အရည်အချင်းအပြည့်ဝဆုံး ကစားသမားတစ်ဦး ဖြစ်လာနေသည် ဆိုတာကို ထပ်မံသက်သေပြခဲ့ပါသည်။ စပိန်တင်းနစ်အားကစားသမား သည် မေလတုန်းကမှ အသက် ၂၂ နှစ်ပြည့်ခဲ့သူဖြစ်ပြီး ၁၉၇၈ ခုနှစ်မှာ US Open ကို Hard Court ကွင်းအဖြစ် ပြောင်းလဲကစားခဲ့ချိန်ကစပြီး သူ့ရဲ့ ၂၃ နှစ်မြောက် မွေးနေ့မတိုင်ခင်မှာ ကစားကွင်း ၃ မျိုးလုံးမှာ ဂရမ်စလင်းဖလားကို အကြိမ်ကြိမ်ရရှိခဲ့တဲ့ ပထမဆုံး အားကစားသမား ဖြစ်လာခဲ့ပါသည်။ သူ့ရဲ့ ၆ ကြိမ်မြောက် ဂရမ်စလင်းဆုသည် အသက် ၂၃ နှစ်မပြည့်ခင် Björn Borg တစ်ဦးတည်းသာ ၇ ကြိမ်နဲ့ သူ့ထက်သာလွန်အောင်ကစားနိုင်ခဲ့ပါသည်။

ဇန်နဝါရီလမှာ ကျင်းပမယ့် သြစတေးလျ အိုးပင်း(Australian Open) မှာ အယ်လ်ကာရက်ဇ်သည် ဆွီဒင်ကစားသမားရဲ့ စံချိန်ကို လိုက်မီနိုင်တာကြောင့် လောင်းကြေးထပ်ရင်တောင် ရှုံးလိမ့်မှာမဟုတ်ပါ။ စပိန်ကစားသမားဟာ အခုဆိုရင် ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ထိုအချက်ကို ထိုနေ့ပြိုင်ပွဲတွင် အပြည့်အဝ မြင်တွေ့ခဲ့ရသည်။ သူ့ရဲ့ ဆားဗစ်ပေးမှု(SerVes) များသည် တစ်ခါတစ်ရံမှာ မတားဆီးနိုင်အောင် ကောင်းမွန်ခဲ့ပြီး စင်းနား ရဲ့ ၂၁ ကြိမ်နဲ့ ယှဉ်ရင် သူက ၄၂ ကြိမ် အနိုင်ရိုက်ချက်ကို ရိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် အီတလီကစားသမားထက်လည်း ကွင်းကိုပို၍ လွှမ်းခြုံနိုင်ခဲ့သလို Double Fault လည်း လုံးဝမဖြစ်ခဲ့ချေ။ သူ့၏ ပထမစရိုက်ချက် (First SerVes) ၆၁ ရာခိုင်နှုန်းကို ကစားနိုင်ခဲ့ပြီး အဲဒီထဲက ၈၃ ရာခိုင်နှုန်းကို အမှတ်ရယူနိုင်ခဲ့ပါသည်။ ထိုအချက်သည် သူ့ရဲ့အရှိန်အဟုန်နဲ့ စွမ်းအားကို သက်သေပြနေတာဖြစ်ပြီး စင်းနားကို ပွဲစဉ်အများစုမှာ ဟန်ချက်ပျက်စေခဲ့သည်။ အယ်လ်ကာရက်ဇ်က ၆-၁ နဲ့ ရယူခဲ့တဲ့ တတိယပွဲက စင်းနား လို အရည်အချင်းရှိတဲ့ အားကစားသမား တစ်ဦးအပေါ် အံ့အားသင့်စရာ ကောင်းလောက်အောင် လွှမ်းမိုးခဲ့ပါတယ်။ ပွဲစဉ်တစ်ခုလုံးကို တက်ရောက်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆုချီးမြှင့်ပွဲမှာ ပါဝင်ခဲ့ခြင်း မရှိပါ။ ဇူလိုင်လက Club World Cup ဖိုင်နယ်ပွဲနဲ့မတူဘဲ သမ္မတသည် သူ့ရဲ့ Box ထဲကနေ ဆုချီးမြှင့်ပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ် ထောင်ပေါင်းများစွာနဲ့အတူ မတ်တတ်ရပ်ပြီး ကြည့်ရှုခဲ့ပါသည်။

ကားလို့စ်အယ်လ်ကာရက်ဇ် ရဲ့ အံ့မခန်းစွမ်းဆောင်ရည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ ပြီးနောက် ဂျန်နစ်စင်းနား သည် ပွဲအပြီးအင်တာဗျူးမှာ စိတ်ထဲတွင် ငြိမ်းချမ်းနေပုံရပါသည်။

“ ဒီနေ့ ကျွန်တော်အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီ့ထက်ပိုပြီးတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး” လို့ သူက သူ့ရဲ့ပြိုင်ဘက်ကို ဂုဏ်ပြုပြီး ပြောကြားခဲ့သည်။ ထို့အပြင် “ ဒီနေ့ ခင်ဗျားက ကျွန်တော့်ထက် သာလွန်ကောင်းမွန်တဲ့ ဒီ စွမ်းဆောင်ရည်နောက်ကွယ်က ပင်ပန်းကြိုးစားမှုအားလုံးကို အသိအမှတ်ပြုပါတယ်” လို့လည်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စင်းနားက သူ့ရဲ့အသင်း၊ မိသားစုနဲ့ သူငယ်ချင်းတွေကို “ ကျွန်တော့်ကို ပံ့ပိုးပေးပြီး၊ ကြိုးစားလုပ်ဆောင်နေတာတွေကို နားလည်ပေးလို့” ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ ဒီစင်မြင့်ပေါ်ကို ရောက်ဖို့အတွက် ကျွန်တော်တို့ ဘယ်လောက်အနစ်နာခံခဲ့ရလဲဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်” လို့ သူက ပြောကြားခဲ့သည်။ “ ဒီရာသီဟာ အံ့မခန်း ဖြစ်ခဲ့ပါတယ်။ ရာသီတစ်လျှောက်လုံး အဓိကကျတဲ့ စင်မြင့်တွေနဲ့ ပွဲတွေကို ကျွန်တော်တို့ ကစားခဲ့ရပါတယ်။ ဒီအခိုက်အတန့်ကို ခင်ဗျားတို့နဲ့အတူ မျှဝေခွင့်ရလို့ အရမ်းအရမ်း ပျော်ပါတယ်” လို့လည်း ပြောကြားခဲ့သည်။

ကာလို့စ် အယ်လ်ကာရက်ဇ် ဆုရယူပြီးပရိဿတ်များကိုပြသနေစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 13 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 18 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 23 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားတွင် ယနေ့ သင်္ဘော ၂ စီးကို အီရန် တိုက်ခိုက်ခဲ့ကြောင်း IRGC ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက် ဟော်မုဇ် ရေလက်ကြားရှိ သင်္ဘောနှစ်စင်းကို အီရန်က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံ၏ တစ်ပိုင်းတစ်စ အစိုးရပိုင် Fars သတင်းဌာန၏ ဖော်ပြချက်အရ အစ္စလာမ္မစ်