နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဆောင်ရွက်မှုအသစ်ဖြင့် H-1B ဗီဇာများအတွက် ဒေါ်လာ ၁ သိန်း အခကြေးငွေပေးဆောင်ရန် ထရမ့်သတ်မှတ်

CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်

သမ္မတ ဒေါ်နယ်ထရမ့်သည် H-1B ဗီဇာများအတွက် လျှောက်လွှာကြေး ဒေါ်လာတသိန်း (၁၀၀,၀၀၀) သတ်မှတ်သည့် အမှုဆောင်အမိန့်တစ်ရပ်ကို သောကြာနေ့တွင် လက်မှတ်ရေး ထိုးခဲ့သည်။ ဤသည်မှာ သူ၏အစိုးရက အဆိုပါဗီဇာအစီအစဉ်ကို အလွန်အကျွံ အသုံးပြု နေသည်ဟု ဆိုသည့်အချက်ကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။

ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အလုပ်သမားတွေ လိုအပ်ပြီး ဒီအစီအစဉ်က အဲဒီအတိုင်းဖြစ်လာမယ်ဆိုတာ သေချာစေပါတယ်” ဟု ထရမ့်က ဘဲဥပုံရုံးခန်းမှ ပြောကြား ခဲ့သည်။ ထိုနေရာတွင် တာဝန်ရှိသူများက အဆိုပါအစီအစဉ်သည် ကုမ္ပဏီများကို အမေရိကန် အလုပ်သမားများပိုမို ခန့်အပ်ရန် မက်လုံးပေးမည်ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် အထူးပြုနယ်ပယ်များတွင် အလွန်ကျွမ်းကျင်သော နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းနိုင်မည့် လမ်းကြောင်းတစ်ခုကိုလည်း ဖန်တီးပေးမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းပြခဲ့သည်။

ဤကြေညာချက်သည် အဆိုပါအခကြေးငွေကို ပေးဆောင်ခြင်းမရှိပါက အစီအစဉ်အရ နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းကို ကန့်သတ်သွားမည်ဖြစ်သည်။

ရွှေကတ်” အစီအစဉ်

သီးခြားအမိန့်တစ်ခုတွင် ထရမ့်က “ ရွှေကတ်” (gold card) ဟုခေါ်သော လူဝင်မှု ကြီးကြပ်ရေးလမ်းကြောင်းတစ်ခုကို ဖန်တီးရန်လည်း ညွှန်ကြားခဲ့သည်။ သူ၏အဆိုအရ ယင်းအစီအစဉ်သည်မြင့်မားသော အခကြေးငွေပေးဆောင်သည့် အချို့သော ရွှေ့ပြောင်း နေထိုင်လိုသူများအတွက် ဗီဇာများကို အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်သည်။ ဤမူဝါဒအရ အမေရိကန်ဒေါ်လာ ၁ သန်း ပေးဆောင်သော နိုင်ငံခြားသားများအတွက် ဗီဇာများကို အမြန် ထုတ်ပေးမည်ဖြစ်ပြီး၊ ကုမ္ပဏီတစ်ခုက ၎င်းတို့အလုပ်ခန့်မည့် နိုင်ငံခြားသား အလုပ်သမား အတွက် ဒေါ်လာ ၂ သန်း ပေးဆောင်ပါက လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်ပေးမည် ဖြစ်သည်။

ဤလုပ်ဆောင်ချက်များသည် လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်ရန်နှင့် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုမည့် နိုင်ငံခြားသားအမျိုးအစားများအပေါ် ကန့်သတ်ချက်အသစ်များ ချမှတ်ရန် အစိုးရ၏ ကြိုးပမ်းမှုများစွာထဲမှ နောက်ဆုံးတစ်ခုဖြစ်သည်။ ၎င်းတို့သည် H-1B အလုပ်သမားများအပေါ် များစွာမှီခိုနေရသော စက်မှုလုပ်ငန်းများကို သိသိသာသာ ထိခိုက်စေမည့် အလားအလာရှိသည်။

H-1B ဗီဇာ နောက်ခံအကြောင်းအရာ

H-1B ဗီဇာသည် သုံးနှစ်သက်တမ်းရှိသော အလုပ်လုပ်ခွင့်ဗီဇာဖြစ်ပြီး နောက်ထပ်သုံးနှစ် သက်တမ်းတိုးနိုင်သည်။ စီးပွားရေးပညာရှင်များက ဤအစီအစဉ်သည် အမေရိကန် ကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်စွမ်းရှိစေပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ကြီးထွားစေကာ အမေရိကန်တွင် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်သည်ဟု ဆိုကြသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝါ့ဒ် လပ်နစ်(Howard Lutnick) က သောကြာနေ့ ညနေပိုင်းတွင် သတင်းထောက်များအား ပြောကြားရာ၌ အစိုးရသည် ကုမ္ပဏီများနှင့် ဆွေးနွေးပြီးနောက် တစ်နှစ်လျှင် ဒေါ်လာတသိန်း (၁၀၀,၀၀၀) နှင့် စိစစ်ခ ကုန်ကျစရိတ် များကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူက “ ဒေါ်လာ ၃၀၀,၀၀၀ ကို ကြိုတင်ကောက်ခံမလား ဒါမှမဟုတ် သုံးနှစ်အတွက် တစ်နှစ်ကို ဒေါ်လာ ၁၀၀,၀၀၀ ကောက်ခံမလား” ဆိုသည့် ငွေပေးချေမှုပုံစံကို ပြည်တွင်း လုံခြုံရေးဌာနနှင့် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ထရမ့်၏ ပြောင်းလဲနေသော ရပ်တည်ချက်

H-1B ဗီဇာအစီအစဉ်အပေါ် ထရမ့်၏ ရပ်တည်ချက်သည် အကြိမ်ကြိမ်ပြောင်းလဲခဲ့ပြီး ဤကိစ္စသည် သူ၏ထောက်ခံသူများအကြားတွင် ပြင်းထန်သော သဘောထားကွဲလွဲမှုများကို ဖြစ်စေခဲ့သည်။

သမ္မတသည် သူ၏ ပထမသက်တမ်းအတွင်း နိုင်ငံခြားသားအလုပ်သမားဗီဇာများကို ကန့်သတ်ခဲ့ပြီး H-1B အစီအစဉ်ကို ယခင်မိန့်ခွန်းများတွင် ပစ်မှတ်ထားပြောဆိုခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် မဲဆွယ်ပွဲအတွင်း အမေရိကန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရခဲ့သော နိုင်ငံခြားသား အလုပ်သမားအချို့ကို တရားဝင်အဆင့်အတန်းပေးရန် အသင့်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

ထရမ့်သည် ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း အဆိုပါအစီအစဉ်ကို ကာကွယ်ပြောဆိုခဲ့ပြီး New York Post သတင်းစာကို သူက “ H-1B ကို ယုံကြည်သူ” ဖြစ်ကြောင်း ပြောခဲ့သည်။

ကျွန်တော်က ဒီဗီဇာတွေကို အမြဲတမ်း သဘောကျတယ်။ ဒီဗီဇာတွေအတွက် အမြဲတမ်း ထောက်ခံခဲ့တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့မှာ ဒီဗီဇာတွေ ရှိနေတာပေါ့” ဟု ထရမ့်က ထိုအချိန်က သတင်းဌာနကို ပြောကြားခဲ့သည်။

ထရမ့်၏ ဤမှတ်ချက်များသည် စွန့်ဦးတီထွင်သူများဖြစ်သော အီလွန်မာ့ခ် နှင့် ဗီဗက်ရမ်ဆွာမိ (Vivek Ramaswamy) တို့က အဆိုပါအစီအစဉ်ကို ကာကွယ်ပြောဆိုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုနှစ်ဦးကို ထရမ့်က အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ဦးဆောင်ရန် ကနဦးက တာဝန်ပေးခဲ့သည်။ သူတို့၏ ကာကွယ်ပြောဆိုမှုသည် လူဝင်မှုကြီးကြပ်ရေးကို ကန့်သတ်လိုသော MAGA ထောက်ခံသူများထံမှ ပြင်းထန်သော ဝေဖန်မှုများကို ဖြစ်စေခဲ့သည်။

လက်ရှိ H-1B အခြေအနေ

နှစ်စဉ် H-1B ဗီဇာ၆သောင်း၅ထောင်(၆၅,၀၀၀) ကို ထုတ်ပေးထားပြီး အမေရိကန်အဆင့်မြင့် ပညာရေးအဖွဲ့အစည်းများမှ ဘွဲ့လွန်ဒီဂရီရရှိထားသူများအတွက် နောက်ထပ်၂သောင်း (၂၀,၀၀၀) ကို သီးသန့်ချန်ထားသည်။ ဗီဇာအတွက် လိုအပ်ချက်သည် ပေးထားမှုထက် မကြာခဏ ပိုများနေသောကြောင့် မဲနှိုက်ရွေးချယ်သည့်စနစ်ကို အသုံးပြုရသည်။

ကုမ္ပဏီများစွာသည် ၎င်းတို့၏ လုပ်သားအင်အားကို ဖြည့်တင်းရန် H-1B ဗီဇာများကို အသုံးပြုကြသည်။ သို့သော် H-1B နှင့် အများဆုံးဆက်စပ်နေသည့် ကဏ္ဍမှာ နည်းပညာ ကဏ္ဍဖြစ်သည်။ နည်းပညာကုမ္ပဏီကြီးငယ်မရွေးက ၎င်းတို့အနေဖြင့် ပြည်တွင်းတွင် ရှာမတွေ့နိုင်သော လေ့ကျင့်သင်ကြားပြီးသား အရည်အချင်းရှိသူများကို ငှားရမ်းရန် H-1B အစီအစဉ် လိုအပ်သည်ဟု ဆိုကြသည်။

ထရမ့်သည် အမေရိကန်ကုမ္ပဏီများကို နိုင်ငံခြားသားအလုပ်သမားများ ငှားရမ်းခြင်းထက် အမေရိကန်လုပ်သားများကို ဦးစားပေးရန် တိုက်တွန်းသည့် သူ၏မူဝါဒ တစ်စိတ်တစ်ပိုင်း အဖြစ် H-1B ဗီဇာအစီအစဉ်ကို ယခင်က ဆန့်ကျင်ခဲ့သည်။ သူ၏ ၂၀၁၆ ခုနှစ် မဲဆွယ်ပွဲ အတွင်း ထရမ့်က အမေရိကန်ကုမ္ပဏီများသည် “ အမေရိကန် အလုပ်သမားများနေရာတွင် လစာနည်းနည်းဖြင့် အစားထိုးရန် ရည်ရွယ်ချက်ဖြင့် H-1B ဗီဇာများကို” အသုံးပြု နေသည်ဟု စွပ်စွဲခဲ့သည်။

၂၀၂၀ ခုနှစ်တွင် ထရမ့်သည် Covid-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အခြေအနေများကို တုံ့ပြန်ရင်း တရားဝင်လူဝင်မှုကြီးကြပ်ရေးကို ထိန်းချုပ်ရန် သူ၏ အစိုးရ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် H-1B ဗီဇာများကို အကြိမ်ပေါင်းများစွာ ကန့်သတ်ခဲ့သည်။

ထရမ့်ကြေညာခဲ့သော “ ရွှေကတ်” အစီအစဉ်သည် နိုင်ငံခြားသားအလုပ်သမားများအပေါ် နိုင်ငံ၏ရပ်တည်ချက်ကို ပြုပြင်ပြောင်းလဲရန် ဒီဇိုင်းထုတ်ထားပြီး၊ ရွှေ့ပြောင်း နေထိုင်သူ များထဲမှ စွန့်ဦးတီထွင်သူများနှင့် ဝင်ငွေမြင့်မားသူများကို ပိုမိုဆွဲဆောင်ရန် ရည်ရွယ်သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝါ့ဒ် လပ်နစ် ၏ စိတ်ကူးဖြစ်သော ဤအစီအစဉ် သည် ဒေါ်လာ ၁ သန်း အခကြေးငွေပေးနိုင်သော နိုင်ငံခြားသားများ သို့မဟုတ် ၎င်းတို့ကို အလုပ်ရှင်က ထိုငွေပမာဏ၏ နှစ်ဆပေး၍ ခန့်အပ်မည့်သူများအတွက် ဝင်ရောက်မှုကို အရှိန်မြှင့်ပေးမည်ဖြစ်သည်။ သောကြာနေ့က ဘဲဥပုံရုံးခန်းတွင် ဟောင်းဝါ့ဒ် လပ်နစ် သည် အမေရိကန်တွင် အမြဲတမ်းနေထိုင်ပြီး အလုပ်လုပ်ကိုင်လိုသော ရွှေ့ပြောင်းနေထိုင်သူများ အတွက် လက်ရှိ green card (အမြဲတမ်းနေထိုင်ခွင့်ကတ်) လုပ်ငန်းစဉ်ကို ဝေဖန်ခဲ့ပြီး၊ ယင်းစနစ်သည် နိုင်ငံရပ်ခြားမှ “ အနိမ့်ဆုံးအဆင့်” အလုပ်သမားများကို လက်ခံနေရသည့် အကျိုးဆက်ကို ဖြစ်စေသည်ဟု ဆိုခဲ့သည်။

ကျွန်တော်တို့က ထိပ်ဆုံးက ထူးချွန်တဲ့လူတွေကိုပဲ လက်ခံသွားမှာပါ” ဟု ဟောင်းဝါ့ဒ် လပ်နစ် က ရွှေကတ် အစီအစဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 20 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 30 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း ပြင်သစ် လက်ဘနွမ် အရှေ့အလယ်ပိုင်း

လက်ဘနွန်တွင် ပြင်သစ်စစ်သည်တစ်ဦး သေဆုံးကြောင်း မက်ခရွန် ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်၌ ပါဝင်ဆောင်ရွက်နေသော ပြင်သစ်စစ်သည်တစ်ဦးသည် ယနေ့နံနက်ပိုင်းက နိုင်ငံတောင်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သမ္မတ မက်ခရွန်က X တွင် ပို့စ်တင်ခဲ့သည်။ လက်ဘနွန်ရှိ ကုလသမဂ္ဂ