နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာစီးတီးတွင် ဟားမတ်စ်တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်မျိုးနွယ်စုဝင်များကြား ပဋိပက္ခဖြစ်ပွား

BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်

ဂါဇာတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကြီးများ ပြီးဆုံးသွားသည့်နောက်ပိုင်း အပြင်းထန်ဆုံး ပြည်တွင်းပဋိပက္ခများအနက်မှ တစ်ခုအဖြစ်၊ ဂါဇာစီးတီးရှိ ဟားမတ်စ် လုံခြုံရေးတပ်ဖွဲ့ ဝင်များ နှင့် ဒူဂ်မတ်ရ်ှ (Dughmush) မျိုးနွယ်စုမှ လက်နက်ကိုင်များကြား အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး အနည်းဆုံး သေဆုံးခဲ့သည်

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ မျက်နှာဖုံးစွပ်ထားသော ဟားမတ်စ် သေနတ် သမားများသည် မြို့တော်ရှိ ဂျော်ဒန်ဆေးရုံအနီးတွင် မျိုးနွယ်စုဝင် တိုက်ခိုက်ရေး သမားများ နှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

ဟားမတ်စ်မှ အုပ်ချုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ၎င်းတို့ကို ဖမ်းဆီးရန် လုံခြုံရေးတပ်ဖွဲ့များက ဝိုင်းရံကာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ဝန်ကြီးဌာနက ၎င်း၏ အဖွဲ့ဝင် ၈ ဦးမှာ စစ်သွေးကြွအဖွဲ့တစ်ဖွဲ့၏ လက်နက်ကိုင် တိုက်ခိုက်မှု” တွင် သေဆုံးခဲ့ကြောင်း ပြောကြားသည်။

ကျန်းမာရေးဌာနများ၏ အဆိုအရ စနေနေ့က တိုက်ပွဲစတင်ခဲ့ချိန်မှစ၍ ဒူဂ်မတ်ရ်မျိုးနွယ်စုဝင် ၁၉ ဦးနှင့် ဟားမတ်စ်တိုက်ခိုက်ရေးသမား ၈ ဦး သေဆုံးခဲ့သည်

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ တိုက်ခိုက်ရေးသမား ၃၀၀ ကျော်ပါဝင်သည့် ဟားမတ်စ်တပ်ဖွဲ့သည် ဒူဂ်မတ်ရ်သေနတ်သမားများ တပ်စွဲထားသည့် လူနေအဆောက်အအုံ တစ်ခုကို စီးနင်းရန် ရွှေ့ပြောင်းပြီးနောက် ဂါဇာစီးတီးတောင်ပိုင်းရှိ တယ်လ် အလ်-ဟာဝါ (Tel al-Hawa) ရပ်ကွက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေသခံများက ပြင်းထန်သော သေနတ်ပစ်ခတ်မှုများအောက်တွင် မိသားစု ဒါဇင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြရာ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းများဖြစ်ပြီး ၎င်းတို့အများစုမှာ စစ်ပွဲ အတွင်း အကြိမ်ကြိမ် နေရာရွှေ့ပြောင်းခဲ့ရသူများဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဒေသခံတစ်ဦးက “ ဒီတစ်ကြိမ်တော့ အစ္စရေးတိုက်ခိုက်မှုတွေကနေ ထွက်ပြေးကြတာ မဟုတ်ဘူး” ဟု ပြောကြားသည်။ “ သူတို့ ကိုယ်တိုင်သူတို့တိုက်ခိုက်ရေးသမားတွေဆီကနေ ထွက်ပြေးနေကြတာပါ“ ။

ဂါဇာ၏ ထင်ရှားသော မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သည့် ဒူဂ်မတ်ရ်မိသားစုသည် ဟားမတ်စ်နှင့် ရင်းနှီးမှုမရှိဘဲ တင်းမာသော ဆက်ဆံရေးရှိခဲ့ပြီး ၎င်းတို့၏ လက်နက်ကိုင် အဖွဲ့ဝင်များသည် အတိတ်ကလည်း ဟားမတ်စ်အဖွဲ့နှင့် အကြိမ်များစွာ ပဋိပက္ခဖြစ်ပွား ခဲ့ဖူးသည်။

ဟားမတ်စ်မှ အုပ်ချုပ်သော ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းတို့၏တပ်ဖွဲ့များသည် စည်းကမ်း ပြန်လည်ထိန်းသိမ်းရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပြီး “ ခုခံကာကွယ်ရေးဘောင်ပြင်ပမှ မည်သည့်လက်နက်ကိုင်လှုပ်ရှားမှုကိုမဆို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းသွားမည်” ဟု သတိပေးခဲ့သည်။

ပဋိပက္ခဖြစ်ပွားစေခြင်းအတွက် မည်သူတွင် တာဝန်ရှိသည်ဆိုခြင်းနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြသည်

ဟားမတ်စ်က ဒူဂ်မတ်ရ်သေနတ်သမားများသည် ၎င်းတို့၏ တိုက်ခိုက်ရေးသမား ၂ ဦးကို သတ်ဖြတ်ပြီး ၅ ဦးကို ဒဏ်ရာရရှိစေခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့အဖွဲ့က စစ်ဆင်ရေး စတင်ခဲ့ခြင်း ဖြစ်ကြောင်း ယခင်က ပြောကြားခဲ့သည်။

သို့သော် ဒူဂ်မတ်ရ်မိသားစုဝင် တစ်ဦးက ဒေသတွင်းမီဒီယာကို ပြောကြားရာတွင် ဟားမတ်စ် တပ်ဖွဲ့များသည် အလ်-ဆာဘရာ ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်များ မကြာသေးမီက အစ္စရေး တိုက်ခိုက်မှုတွင် ပျက်စီးပြီးနောက် မိသားစုခိုလှုံခဲ့သည့် ဂျော်ဒန်ဆေးရုံအဖြစ် အသုံးပြုခဲ့သော အဆောက်အအုံသို့ ရောက်လာခဲ့သည်ဟု ဆိုသည်။

အဆိုပါသတင်းရင်းမြစ်က ဟားမတ်စ်သည် ၎င်းတို့၏တပ်ဖွဲ့များအတွက် အခြေစိုက်စခန်း အသစ်တစ်ခု ထူထောင်ရန်အတွက် ထိုအဆောက်အအုံမှ မိသားစုကို နှင်ထုတ်ရန် ကြိုးပမ်း ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒေသတွင်းသတင်းရင်းမြစ်များ၏ အဆိုအရ ဟားမတ်စ်သည် မကြာသေးမီက အစ္စရေးတပ်ဖွဲ့ များ စွန့်ခွာသွားခဲ့သော ဂါဇာဒေသများအပေါ် ထိန်းချုပ်မှု ပြန်လည်ရရှိရန်အတွက် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ဝင် ၇,၀၀၀ ခန့်ကို ပြန်လည်ခေါ်ယူထားသည်

သတင်းများအရ လက်နက်ကိုင် ဟားမတ်စ်ယူနစ်များသည် ခရိုင်များစွာတွင် နေရာချထားပြီး ဖြစ်ကြောင်း၊ အချို့မှာ အရပ်ဝတ်များ ဝတ်ဆင်ထားကြပြီး အချို့မှာ ဂါဇာရဲ၏ အပြာရောင် ယူနီဖောင်းများ ဝတ်ဆင်ထားကြကြောင်း သိရသည်။ ဟားမတ်စ် မီဒီယာရုံးကမူ “ တိုက်ခိုက်ရေး သမားများကို လမ်းများပေါ်တွင် ဖြန့်ကျက်ချထားခြင်း” မရှိကြောင်း ငြင်းဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 4 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 19 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 24 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 25 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 28 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ