အောက်တိုဘာလ (၂၁)ရက်။
မနေ့က နံနက် (၉)နာရီခွဲအချိန်မှာ တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ တန့်ဆည်နယ် အက်တောနဲ့ သဲကုန်းကနေ ကန့်ဘလူနယ် ကာဘိုးဖက်ပြန်ခေါက်လာတဲ့ စခနဲ့ပျူ (၄၀)ခန့်ပါတဲ့ ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်တပ်နဲ့ ပျူစောထီး အင်အား (၄၀)ခန့်ရှိတဲ့ ပူးပေါင်းစစ်ကြောင်းဟာ တန့်ဆည်နယ် အက်တောရွာကနေ ကန့်ဘလူနယ် ကာဘိုးပျူရွာဘက်ကနေ တပ်ပြန်ခေါက်လာခဲ့တဲ့အချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တန့်ဆည်နယ်ပကဖ ပေါ်ဦးစစ်ကြောင်းနဲ့ ရေဦးမြို့နယ်ပကဖနဲ့ ရေဦးပကဖလက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲဟာ မိနစ် (၃၀)နီးပါး ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က (၁၁)ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်း သိမ်းဆည်းရမိခဲ့တာ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ အဲ့ဒီနေ့မှာပဲ ကာဘိုးပျူရွာကို ရောက်ရှိခဲ့ပြီး ပြန်လည်စစ်ကြောင်းထိုးတာ မရှိသေးဘူးလို့ သိရပါတယ်။
