နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွားထိုးကြီးမြို့ (၂)ပတ်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၄၀)နီးပါး သေဆုံးခဲ့

သေဆုံးသူတွေထဲ မလှိုင်နဲ့ တောင်သာမှာ အမျိုးသမီး (၂၀)ကျော်ကို အဓမ္မပြုကျင့်သတ်ဖြတ်ရာမှာ ဦးဆောင်တဲ့ ဗိုလ်မှူး ကျော်မင်းဆိုသူပါဝင်

အောက်တိုဘာလ (၂၄)ရက်။

စက်တင်ဘာလ (၂၅)ရက်နေ့ကနေ အောက်တိုဘာလ (၁၂)ရက်အထိ နွားထိုးကြီးမြို့မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ (၂၅)ရက်နေ့ နေ့လယ် (၃)နာရီခန့်က နွားထိုးကြီးမြို့ ရန်ကင်းဘုရားကနေ မြိုင်သာရွာကို အင်အား (၂၀၀)နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ (၂)နာရီခွဲကြာတိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်က ဗိုလ်ကြီး (၁)ဦးအပါအဝင် (၇)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်တပ်အလောင်း (၁)လောင်းနဲ့ MA-5 (၁)လက်တို့ကို သိမ်းဆည်းရမိခဲ့သလို အောက်တိုဘာလ (၁)ရက်နေ့ နေ့လယ် (၂)နာရီကျော်အချိန်မှာ မြိုင်သာရွာကို မီးရှို့ဖျက်ဆီးပြီး ဒိုင်းလည်ရွာကို ဦးတည်လာတဲ့အင်အား (၂၅၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲဟာ (၃)နာရီကျော်အကြာမှာ စစ်တပ်ဘက်က အထိအခိုက် အများအပြားနဲ့ ဖွဲ့စည်းပုံပျက်ပြီး စစ်ဦးလှန်သွားခဲ့ကာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင်တာကြောင့် စစ်တပ်ဘက်က ကစဉ့်ကလျား ထွက်ပြေးခဲ့ပြီး (၄)ဦး ဖမ်းဆီးခံရသလို (၁၀)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ စစ်တပ်ဘက်ကနေ ငါးကြင်းမှီး (၁)လက်၊ MA-11 (၃)လက်၊ G-3 (၂)လက်၊ MA-1 (၁)လက်၊ M79 (၁)လက်၊ MA-5(၂)လက်၊ Drone  (၂)စီး၊ ကျည်မျိုးစုံ (၃၃၁၂)တောင့်၊ ၄၀မမ (၃)လုံး၊ ၆၀မမ (၇)လုံး၊ RPG (၁)ဖူး၊ drop bomb (၄)ဖာ၊ ပို့ယမ်းတောင့် (၁၁)တောင့်၊ လက်ပစ်ဗုံး(၁၂)လုံး၊ အီနာဂါ (၁)လုံး၊ ကျည်ဘောက် (၂၁)ဘောက်၊ ကတ်သီး (၁၃)ခု၊ jammer ကား (၁)စီးနဲ့ ကား (၃)စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး အောက်တိုဘာလ (၉)ရက်ကနေ (၁၂)ရက်နေ့အထိ မလှိုင်မြို့ နှောကန်ရွာဘက်ကနေ အိမ်ကြီးတောရွာ ကို ဦးတည်လာတဲ့ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်းနဲ့ (၄)ရက်ကြာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ မလှိုင်နဲ့ တောင်သာမြို့တို့မှာ အမျိုးသမီး (၂၀)ဦးထက်မနည်းကို အလိုမတူဘဲ အတင်းအဓ္ဓမပြုကျင့် သတ်ဖြတ်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမှာ ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ဗိုလ်မှူး ကျော်မင်း အပါအဝင် (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၅)ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ထဲကနေ MA-1 (၆)လက်၊ MA-2 (၅)လက်၊ MA-3 (၆)လက်၊ MA -4 (၁)လက်၊ RPG (၁)လက်၊ ငါးကြင်းမြှီး (၂)လက်၊၊ ၆၀မမ ပြောင်းတို (၃)လက်၊ ၆၀မမ ပြောင်းရှည် (၁)လက်၊ ငါးကြင်းမြှီးပြောင်း (၁)ခု၊ ကျည်မျိုးစုံ (၆၀၇၈)တောင့်၊ ပို့ကျည် (၂၅)တောင့်၊ ၄၀ မမ (၁၅)လုံး၊ ၆၀မမ (၁၁)လုံး၊ RPG (၁၂)ဖူး၊ RPG ပို့ယမ်း (၉)တောင့်၊ လျက်ဆားပုလင်း (၁၁)လုံး၊ လက်ပစ်ဗုံး (၄)လုံး၊ M9 (၂)လုံး၊ Drone (၂)စီး၊ Drone Shooter (၂)ခု၊ ကျောပိုး Jammer (၁)ခု၊ Jammer အကြီး (၁)ခု၊ ကား (၃)စီး၊ Drone ဗုံးသီး (၂)ဖာနဲ့ ကျည်ဘောက်အစုံ (၅၆)ဘောက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ မလှိုင်မြို့က (၄)ရက်မြောက်နေ့ တိုက်ပွဲထဲ စစ်တပ်ဘက်က အများအပြားသေဆုံးကာ အထိအခိုက်များတာကြောင့် နှောကန်ရဲစခန်းကို စစ်ကူခေါ်ခဲ့ရာ အဲ့ဒီစစ်ကူစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က အသေအဆုံးများပြီး MA-1 (၄)လက်၊ MA-2 (၂)လက်၊ MA-3 (၄)လက်နဲ့ ၆၀မမ ပြောင်းတို (၁)လက်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီ(၂)ပတ်တာတိုက်ပွဲထဲ စစ်တပ်ရဲ့ လေကြောင်းအပါအဝင် ထိုးစစ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အကောင်းဆုံးခုခံကာ ထိုးစစ်ဆင်ခဲ့သလို တော်လှန်ရေးအတွက် အရွေ့တခုကို ဦးတည်တဲ့ စစ်ရေးဖော်ဆောင်တာတွေ ရှိလာမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လဲ လက်တွဲမဖြုတ်ဘဲ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ဖို့ တိုက်တွန်းထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ မြင်းခြံခရိုင် အမှတ် (၁/၄/၈/၁၀)တပ်ရင်းအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ မြစ်သားပကဖ၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့၊ နွားထိုးကြီးပကဖနဲ့ တံတားဦးပကဖတို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က (၃)ကြိမ်တိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တပ်မဟာ(၇)ရှိ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနက်က (၇)နာရီ (၁၅)မိနစ်မှာ တကြိမ်၊ (၄၅)မိနစ်မှာ တကြိမ်နဲ့
မြန်မာသတင်း

KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၅)ရက်။ KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG က ဒီကနေ့ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ KIO/KIA အနေနဲ့
မြန်မာသတင်း

မုံရွာ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် (၂)ဦး သေဆုံးပြီး (၆)ဦးထက်မနဲ ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ နမခကနေတက်လာတဲ့ ပါရာမော်တာတစီးနဲ့
မြန်မာသတင်း

ဖလမ်းမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း (၃)ကြောင်းမြောက်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ဗိုလ်မှူးအပါအဝင်
မြန်မာသတင်း

အထက်မင်းလှမြို့မှာ စစ်တပ်ရဲ့ ရဲစခန်းနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၄)ရက်။ အထက်မင်းလှမြို့ စစ်တပ်ရဲ့ ရေနံမရဲစခန်းနဲ့ သရက်-မင်းလှလမ်းပေါ်မှာ လှည့်လည်နေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၉)ရက်နေ့ ဘဲ (၇)နာရီအချိန်က အထက်မင်းလှမြို့ ရေနံမရဲစခန်းကို လက်နက်ကြီးတွေနဲ့
မြန်မာသတင်း

မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဆိုပြီး ပြဋ္ဌာန်းလာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 35 Views
တပ်ချုပ်ရာထူး စွန့်လွှတ်စရာမလိုဘဲ အာဏာဆက်လက်ချုပ်ကိုင်နိုင်ဖို့လို့ဆို ဖေဖော်ဝါရီလ (၄)ရက်။ ယာယီသမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို မနေ့ကရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတိုင်ပင်ခံကောင်စီကို အစိုးရအဖွဲ့ဖွဲ့ပြီးနောက် သမ္မတဆိုသူက သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင်