နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

SpaceX မှ မြန်မာ လိမ်လည်မှုစခန်းများ အသုံးပြုနေသော Starlink ကိရိယာ ထောင်ပေါင်း များစွာကို အသုံးပြု၍မရအောင် ပိတ်ဆို့လိုက်

CNN – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်

အီလွန် မတ်စ် (Elon Musk) ဦးဆောင်သည့် SpaceX ကုမ္ပဏီက မြန်မာနိုင်ငံ၏ ဥပဒေမဲ့ဒေသ တစ်ခုတွင် လည်ပတ်နေသော ဆိုက်ဘာလိမ်လည်မှု ဂိုဏ်းများ အသုံးပြုနေသည့် Starlink ကိရိယာ ၂,၅၀၀ ကျော် အား အသုံးပြု၍မရအောင် ပိတ်ဆို့လိုက် ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဆိုက်ဘာလိမ်လည်မှုစခန်းများအပေါ် ဒေသဆိုင်ရာ အာဏာပိုင်များ၏ လူသိရှင်ကြား နှိမ်နင်းမှုများ ရှိသော်လည်း ပြည်တွင်းစစ်ဒဏ် သင့်နေသော နိုင်ငံအတွင်း လိမ်လည်မှုကွန်ရက်များ ဆက်လက်ကြီးထွားလျက်ရှိသည်။

Starlink လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Lauren Dreyer က “Starlink လုပ်ငန်းလည်ပတ်သည့် ဈေးကွက်အားလုံးတွင် မူဝါဒချိုးဖောက်မှုများကို ဖော်ထုတ်ရန် ကျွန်ုပ်တို့ လုပ်ဆောင်နေသည်” ဟု X (ယခင် Twitter) တွင် ပြောကြားခဲ့သည်။

“ ရှားရှားပါးပါး ချိုးဖောက်မှုတစ်ခုကို ဖော်ထုတ်တွေ့ရှိပါက ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ ဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် ပူးပေါင်းခြင်းအပါအဝင် သင့်လျော်သောအရေးယူမှုများကို ပြုလုပ်ပါသည်။ မြန်မာနိုင်ငံတွင် ဥပမာအားဖြင့် SpaceX သည် သံသယရှိသော ‘လိမ်လည်မှု စခန်းများ’ အနီးတစ်ဝိုက်ရှိ Starlink ကိရိယာ ၂,၅၀၀ ကျော် ကို ကြိုတင်ဖော်ထုတ်ပြီး ပိတ်ပစ်ခဲ့သည်” ဟု သူမက ဆိုသည်။

ယခုသီတင်းပတ်အတွင်း မြန်မာစစ်ကောင်စီက လိမ်လည်မှုစခန်းတစ်ခုကို စီးနင်းစဉ် Starlink “ဖမ်းစက်များနှင့် ဆက်စပ်ပစ္စည်းများ” အစုံ ၃၀ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး နောက်တွင် ဤကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဩစတြေးလျ မဟာဗျူဟာမူဝါဒ အင်စတီကျူ၏ မကြာသေးမီက အစီရင်ခံစာအရ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် ရည်ရွယ်ချက်ရှိရှိ ဆောက်လုပ်ထားသည့် လိမ်လည်မှု စခန်းကြီး အခု ၃၀ ခန့် ရှိပြီး အမေရိကန်များအပါအဝင် သားကောင်များထံမှ နှစ်စဉ် ဘီလျံနှင့် ချီသော ဒေါ်လာ များကို လိမ်လည်နေကြောင်း သိရသည်။

လိမ်လည်မှုစခန်းများမှ လုပ်သားများကို များသောအားဖြင့် ကောင်းမွန်သော လစာရရှိမည့် အလုပ်များ ဖြင့် မြူဆွယ်ခေါ်ဆောင်ခြင်း သို့မဟုတ် လူမှောင်ခိုသွင်းခြင်းခံရပြီး အတင်း အကျပ် ခေါ်ယူထိန်းသိမ်းခံထားရကာ အွန်လိုင်းမှ လိမ်လည်ရန် ဖိအားပေးခြင်း ခံရသည်။

အဆိုပါ အစောင့်အကြပ်တင်းကျပ်သော ခြံဝန်းများအတွင်းတွင် ရိုက်နှက်နှိပ်စက်မှုများ မကြာခဏ ဖြစ်ပွားကြောင်း ယခင်က လွတ်မြောက်လာသူများက CNN ကို ပြောကြားခဲ့ ဖူးသည်။

တစ်နှစ်ကျော်ကြာအောင် ရာဇဝတ်ကွန်ရက်များသည် အင်တာနက်အသုံးပြုရန်နှင့် လိမ်လည်မှုများ ဆောင်ရွက်ရန် Starlink ကို အသုံးပြုနေကြောင်း အမေရိကန်ပြည်ထောင်စုမှ စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။

သတင်းအေဂျင်စီ Agence France-Presse (AFP) ၏ ယခုလ စုံစမ်းစစ်ဆေးမှုအရ Starlink ဖမ်းစက်များကို လိမ်လည်မှုစခန်းများ၏ ခေါင်မိုးများပေါ်တွင် အကြီးအကျယ်” တပ်ဆင် ထားသည် ကို တွေ့ရှိခဲ့သည်။ ထို့အပြင် အမေရိကန် ကွန်ဂရက် လုံခြုံရေး ပူးပေါင်းကော်မတီ က Starlink ၏ ပါဝင်ပတ်သက်မှုဟု သံသယရှိသည့်ကိစ္စကို စတင် စုံစမ်းစစ်ဆေးနေကြောင်း AFP စုံစမ်းမှုက ဖော်ပြသည်။

လွတ်မြောက်လာသူများ၏ ပြောကြားချက်

အရှေ့တောင်အာရှသည် “ ဝက်သတ်ခြင်း (pig butchering)” ဟု လူသိများသော အွန်လိုင်း ချစ်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများအတွက် အချက်အချာကျသော နေရာဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း အကျင့်ပျက်ခြစားမှုနှင့် စစ်ကောင်စီ၏ အကာအကွယ်ပေးမှုတို့ကြောင့် ဆိုက်ဘာရာဇဝတ်ကွန်ရက်များအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခု ဖြစ်လာသည်။

ဖိလစ်ပိုင်နိုင်ငံမှKristalyn က မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း နယ်စပ်မြို့ မြဝတီအနီးရှိ ထင်ရှားကျော်ကြားသည့် လိမ်လည်မှုစခန်းဖြစ်သော KK Park တွင် သူမ အလုပ်လုပ်နေစဉ် ဗုဒ္ဓဟူးနေ့ နေ့လယ်ခန့်၌ အင်တာနက်လိုင်းများ ဖြတ်တောက်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ မနက်ပိုင်းမှာ တရုတ်သူဌေးက ကျွန်မတို့ရုံးခန်းထဲကို ဝင်လာပြီး အခန်းထဲ ပြန်ဖို့ ပြောတယ်။ ဒါပေမဲ့ ခဏအကြာမှာ သူပြန်လာပြီး အဲဒီနေရာကနေ ထွက်သွားဖို့ပဲ ပြောတော့တယ်” ဟု ဇူလိုင်လကတည်းက အလုပ်လုပ်နေသည်ဟု ဆိုသော Kristalyn က လုံခြုံရေးအရ သူမ၏ နာမည်ရင်းကိုသာ အသုံးမပြုရန် တောင်းဆိုကာ CNN သို့ ပြောကြားခဲ့သည်။

သူမနှင့်အတူ ဖိလစ်ပိုင်နိုင်ငံသား ၂၀၀ ခန့် အပြင် အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဖရိကနိုင်ငံ အချို့မှ လူများသည် ထိုင်းနိုင်ငံနှင့် နယ်စပ်အနီးတွင် စောင့်ဆိုင်းနေပြီး နယ်စပ်ဖြတ်ကျော်ရန် ကြိုးစားနေကြသည်ဟု သောကြာနေ့တွင် CNN သို့ ပြောကြားခဲ့သည်။

“ကျွန်မတို့ထဲက တချို့က စွန့်ပစ်ထားတဲ့ အိမ်တွေ၊ အဆောက်အအုံတွေမှာ နေနေကြရတယ်။ တချို့ဆို လမ်းပေါ်မှာပဲ နေနေကြရပြီး နယ်စပ်ဖြတ်ဖို့ ကြိုးစားနေကြတယ်။ ဒီမှာ အစားအသောက် မရှိဘူး။ ပိုက်ဆံလည်း လုံးဝမရှိဘူး” ဟု သူမက ဆိုသည်။

စစ်တပ်၏ စီးနင်းမှုသည် လူထုလှည့်ပြကွက်သာ ဖြစ်နေ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံက လျှပ်စစ်မီး ထောက်ပံ့မှုများကို ဖြတ်တောက် ခဲ့ပြီးနောက် မကြာမီ နယ်စပ်တစ်လျှောက်ရှိ စခန်းများမှ လုပ်သားနှင့် သားကောင် ၇,၀၀၀ ခန့် ကို ထိုင်းအာဏာပိုင်များက အကြီးစား စစ်ဆင်ရေးဖြင့် ကယ်ဆယ်ခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်မှ အောက်တိုဘာ ၁၉ ရက်အတွင်း လိမ်လည်မှုစခန်းများမှ နိုင်ငံခြားသား ၉,၅၅၁ ဦး ကို ဖမ်းဆီးခဲ့ပြီး အများစုကို ၎င်းတို့နိုင်ငံများသို့ ပြန်ပို့ခဲ့ကြောင်း မြန်မာစစ်ကောင်စီ က ပြောကြားသည်။ သို့သော် ဖမ်းဆီးရမိသော အရေအတွက်သည် စခန်းများတွင် ဖမ်းဆီးခံ ထားရသူ စုစုပေါင်း၏ အနည်းငယ်မျှသာ ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

စစ်တပ်က တနင်္လာနေ့တွင် KK Park စခန်းကို စီးနင်းရာတွင် လုပ်သား ၂,၀၀၀ ကျော် ကို ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနယ်ပယ်တွင် လုပ်ကိုင်သူတစ်ဦးက KK Park ကို စီးနင်းခြင်းသည် လုပ်ငန်းများကို ရပ်တန့်စေခြင်း မရှိကြောင်း CNN သို့ ပြောကြားခဲ့သည်။ Starlink လုပ်ငန်းများ ရပ်ဆိုင်းခြင်း၏ သက်ရောက်မှုသည် “ လုံးဝမရှိသည်တော့ မဟုတ်သော်လည်း” စခန်း၏ အခြား အဆောက်အအုံများအတွင်း၌ သားကောင်များစွာ ပိတ်မိနေဆဲ ဖြစ်ပြီး ၎င်းတို့သည် လိမ်လည်ရန် အတင်းအကျပ် ခိုင်းစေခြင်း ခံနေရဆဲ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်သူ Jason Tower က KK Park အား စစ်တပ်က စီးနင်းခြင်းသည် “ နှိမ်နင်းခြင်းထက် လူထုလှည့်ပြကွက်တစ်ခုသာ” ဖြစ်ပြီး မြန်မာနှင့် ထိုင်းနိုင်ငံ ကို ပိုင်းခြားထားသော မဲခေါင်မြစ်တစ်လျှောက် လည်ပတ်နေဆဲဖြစ်သည့် လိမ်လည်မှုစခန်း ဒါဇင်များစွာအတွက်မူ “ ပုံမှန်အတိုင်း လုပ်ငန်းလည်ပတ်နေခြင်း” သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က (၃)ကြိမ်တိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တပ်မဟာ(၇)ရှိ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနက်က (၇)နာရီ (၁၅)မိနစ်မှာ တကြိမ်၊ (၄၅)မိနစ်မှာ တကြိမ်နဲ့
မြန်မာသတင်း

KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၅)ရက်။ KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG က ဒီကနေ့ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ KIO/KIA အနေနဲ့
မြန်မာသတင်း

မုံရွာ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် (၂)ဦး သေဆုံးပြီး (၆)ဦးထက်မနဲ ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ နမခကနေတက်လာတဲ့ ပါရာမော်တာတစီးနဲ့
မြန်မာသတင်း

ဖလမ်းမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း (၃)ကြောင်းမြောက်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ဗိုလ်မှူးအပါအဝင်
မြန်မာသတင်း

အထက်မင်းလှမြို့မှာ စစ်တပ်ရဲ့ ရဲစခန်းနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၄)ရက်။ အထက်မင်းလှမြို့ စစ်တပ်ရဲ့ ရေနံမရဲစခန်းနဲ့ သရက်-မင်းလှလမ်းပေါ်မှာ လှည့်လည်နေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၉)ရက်နေ့ ဘဲ (၇)နာရီအချိန်က အထက်မင်းလှမြို့ ရေနံမရဲစခန်းကို လက်နက်ကြီးတွေနဲ့
မြန်မာသတင်း

မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဆိုပြီး ပြဋ္ဌာန်းလာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 35 Views
တပ်ချုပ်ရာထူး စွန့်လွှတ်စရာမလိုဘဲ အာဏာဆက်လက်ချုပ်ကိုင်နိုင်ဖို့လို့ဆို ဖေဖော်ဝါရီလ (၄)ရက်။ ယာယီသမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို မနေ့ကရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတိုင်ပင်ခံကောင်စီကို အစိုးရအဖွဲ့ဖွဲ့ပြီးနောက် သမ္မတဆိုသူက သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင်