နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော်မှာ မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသ အနုပညာရှင်တွေက “ လတ်တီး” သီချင်းနဲ့ ဖျော်ဖြေ

‌နိုဝင်ဘာလ (၅)ရက်။

မနေ့က နေပြည်တော်ရှိ MICC-1 မှာ ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသက နိုဗိုစီဗစ် “ Chaldony” State Song and Dance Ensemble အဖွဲ့က ဖျော်ဖြေခဲ့ကြတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီအခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကြူကြူလှအပြင် စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဇနီးတွေ၊ စစ်တပ်အရာရှိတွေနဲ့ ဇနီးတွေအပါအဝင် ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဗိုစီဗစ်အနုပညာရှင်တွေရဲ့ ဂုဏ်ပြုဖျော်ဖြေပွဲကို “ မဟာရုရှားနဲ့ ဆိုက်ဘေးရီးယား” အမည်နဲ့ ပဒေသာကပွဲပြုလုပ်ပြီး အခမ်းအနား မပြီးဆုံးခင်မှာ “ လတ်တီး” သီချင်းနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ “ လတ်တီး” သီချင်းဟာ နိုဗိုစီဗစ် “ Chaldony” State Song and Dance Ensemble အဖွဲ့ရဲ့ အနုပညာရှင်တွေက မြန်မာနိုင်ငံအတွက် အထူးဖန်တီးထားတာဆိုပြီး သိရပါတယ်။

အဲ့ဒီဖျော်ဖြေပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်တာကို ပိုမိုမြှင့်တင်ဆောင်ရွက်ဖို့နဲ့ ဖျော်ဖြေပွဲဟာ နှစ်နိုင်ငံအကြား နွေးထွေးရင်းနှီးတဲ့ ဆက်ဆံရေးကို များစွာ အထောက်အကူပြုတယ်လို့ မိန့်ခွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံခဲ့ချိန် ထုတ်ကုန်ပစ္စည်းတွေ အပြန်အလှန်တင်ပို့ကာ ကုန်သွယ်ဖို့ မြှင့်တင်ဖို့နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တာတွေကို ဆက်လက်တိုးမြှင့်သွားမယ့် အခြေအနေကို  ဆွေးနွေးခဲ့ကြပါသေးတယ်။

တွေ့ဆုံပွဲထဲ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံတာအပါအဝင် ရွေးကောက်ပွဲ ကျင်းပပြီးချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းမယ့် အခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကားတွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 57 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

ဘန်ကောက်အကျဉ်းထောင်တွင် အလွန့်အလွန်အရေးကြီးသောပုဂ္ဂိုလ်များ(“VVIPs”) အဖြစ် ဇိမ်ကျနေသည့် “မီးခိုးရောင်တရုတ်” ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ ဖော်ထုတ်ခံရမှုက အရေးပေါ်ပြုပြင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 55 Views
The Nation- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် လျှို့ဝှက်စီးနင်းမှုတစ်ခုက ချမ်းသာကြွယ်ဝသော တရုတ်အကျဉ်းသားများက ဘန်ကောက် ထိန်းသိမ်းရေးအကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို ပုဂ္ဂလိကနိဗ္ဗာန်ဘုံအဖြစ် မည်သို့ပြောင်းလဲခဲ့သည်ကို ဖော်ထုတ်ခဲ့ရာ အကြီးစားပြုပြင်ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ဘန်ကောက်ထိန်းသိမ်းရေးအကျဉ်းထောင်မှူးကို ရုတ်တရက်ထောင်မှ‌ ပြောင်းရွှေ့ အရေးယူ
မြန်မာသတင်း

ခင်ဦးမြို့မှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းတခုလုံးပျက်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 48 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ခင်ဦးမြို့နယ်မှာ အင်အား (၁၈၀)ခန့်ပါတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံလှရွာထဲ (၄)ရက်လောက်
မြန်မာသတင်း

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားပြီး စစ်ဆေးနေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 52 Views
နိုဝင်ဘာလ (၂၄)ရက်။ ‌NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို စစ်ဆေး‌အရေးယူပေးဖို့ နိုဝင်ဘာလ
မြန်မာသတင်း

ကံထူးမရွာဆေးရုံ ဗုံးကြဲခံရတာကြောင့် ပြည်သူ (၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 40 Views
နိုဝင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၀)မိနစ်အချိန်က တန့်ဆည်မြို့ ကံထူးမရွာ ဆေးရုံးနဲ့ ကားပြင်ဆိုင်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက် (၁)နာရီ (၁၀)မိနစ်လောက်က စစ်ကစရဲ့
မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 62 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည (၇) နာရီခွဲမှာ ခေတ်မျက်လုံး YouTube
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 66 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ပေါက်မြိုနဲ့ မြိုင်မြိုနယ်အစပ် စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျခဲ့တယ်လို အညာမြေ အရပ်ဖက်လူမှုအဖွဲအစည်း-မြိုင်ရဲ့ ထုတ်ပြန်ထားချက်အရ