နိုဝင်ဘာလ (၅)ရက်။
မနေ့က နေ့လယ် (၂)နာရီခွဲအချိန်က တောင်ကြီးမြို့မှာ PPP ပါတီရဲ့ ကိုယ်စားလှယ်လောင်းဆိုသူက ရိုက်နှက်ရာမှာ လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ တောင်ကြီးမြိုနယ် အေးသာယာမြို့နေ PPP ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစိုင်းရွှေထီးရဲ့ နေအိမ်ရှိ ကြက်တွေကို အိမ်နီးချင်း အမျိုးသားတဦးက ခိုးယူခဲ့တာလို့ ဆိုပါတယ်။
နေအိမ်ရှိ ကြက်တွေကိုဝင်ခိုးတဲ့ အမျိုးသားကို ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့က တုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ရာ ဒဏ်ရာအများအပြားနဲ့ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လူသေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တဲ့ ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူ (၂)ဦးတို့ကို သက်သေခံတုတ်တွေနဲ့အတူ ဖမ်းဆီးခဲ့ပြီး အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လူသတ်မှုကျူးလွန်ခဲ့တဲ့ ဦးစိုင်းရွှေထီးဟာ သင်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကနေ တောင်ကြီးမြို့မှာ ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူလို့ သိရပါတယ်။








