နိုဝင်ဘာလ (၆)ရက်။
ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေတွေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးပြု ဖြတ်သန်းသွားလာတာ မလုပ်ဖို့ KNDF က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အခုအခါ ဖရူဆိုမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေဟာ ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဘက်ကို ဦးတည်ကာ စစ်ရေးလှုပ်ရှားတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃)ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့ မာခရော်ရှေ့ရွာဘက်ကနေ ထားလဲဘက်ကို မျက်နှာမူကာ စစ်ကြောင်းထိုးတာတွေ ပြုလုပ်လာတယ်လို့ ဖော်ပြထားပါတယ်။
ဒီလို ထားလဲဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ပွားနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် စစ်ရေးအခြေအနေတွေအရ ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီးပေါ် ဖြတ်သန်းသွားလာရတဲ့ လမ်းသွယ်တွေအားလုံးကို အသုံးမပြုဖို့နဲ့ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ KNDF ရဲ့ အသိပေးထားချက်အရ သိရပါတယ်။







