နိုဝင်ဘာလ (၆)ရက်။
ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ဖြူးမြို့ရှိ မကျည်းတောင်ကုန်းရွာကို စစ်တပ်က စက်တပ်လေယာဉ် (၂)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မကျည်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က gyrocopter (၂)စီးနဲ့ နေအိမ်တွေပေါ် ယုတ်မာရက်စက်စွာနဲ့ ဗုံး (၂)လုံးကြဲသွားတာ။ အဲ့ဒီမှာ လူသေဆုံးတာနဲ့ နေအိမ်ပျက်စီးတာတွေ ရှိခဲ့တယ်” လို့ ဆိုပါတယ်။
မကျည်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က gyrocopter (၂)စီးနဲ့ ဗုံး (၂)လုံး ကြဲချခဲ့တဲ့ဖြစ်စဉ်ထဲ အသက် (၅၅)နှစ်အရွယ် ရွာသားတဦး သေဆုံးခဲ့ပြီး နေအိမ် (၆)လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို ပြည်သူတွေရဲ့ နေအိမ်တွေကို ဗုံးကြဲပြီးပြန်လာတဲ့ စက်တပ်ယာဉ် (၂)စီးထဲက (၁)စီးဟာ ပျက်ကျခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဖြူးမြို့နယ်ထဲမှာ စက်တပ်လေယာဉ်တစီး ပျက်ကျခဲ့တာကို ပဲခူးတိုင်းစစ်ဌာနက သတင်းဓါတ်ပုံနဲ့အတူ အတည်ပြုထုတ်ပြန်ထားကာ စစ်တပ်ဘက်ကတော့ တစုံတရာ ပြောဆိုတာမရှိသေးပါဘူး။
ဒါ့အပြင် မကျည်းတောင်ရွာကို နေ့လယ် (၁၂)နာရီဝန်းကျင်ခန့်ကလဲ စစ်တပ်က အသေခံဒရုန်းတစီးအပြင် မုန်းမြို့အခြေစိုက် ခမရ(၅၉၀)ကနေ ၁၂၀မမနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။








