အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၂၀)
ဒီအပတ်မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူနှစ်ဦးဖြစ်တဲ့ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က CRPH က အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးဖို့ တောင်းဆိုချက်၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားဖို့ NUG ထုတ်ပြန်ချက်အပေါ်အမြင်၊ နှစ် (၇၀) ပြည့် ကရင် ပြည်နယ်နေ့ အခမ်းအနားကို မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့မှု၊ ကြံခိုင်ရေးပါတီကို အရေခွံချွတ် ပြောင်းလဲသွားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မဲဆွယ်ပွဲအကြောင်းကို ခြုံငုံပြီး သုံးသပ်သွားမှာ ဖြစ်ပါတယ်။
ဒီည ၂၀၂၅ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့ ည(၇)နာရီခွဲမှာ Era’s Eye YouTube ကနေ LIVE ပြောကြားကြမှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုနိုင်ဖို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။
ဒီနေ့ည မြန်မာစံတော်ချိန် (၇) နာရီခွဲမှာ အောက်ကလင့်ကနှိပ်ပြီး ဝင်ရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်။
https://www.youtube.com/@eraseyechannel

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့







