မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးကာ (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့
နိုဝင်ဘာလ (၁၅)ရက်။
မနေ့က နံနက် (၉)နာရီဝန်းကျင်က မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကုမ္ပဏီဘက်က ထွက်လာတဲ့ စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ Monywa Dynamite-Special Task Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မုံရွာ နမခနဲ့ ဝမ်ပေါင်ဘက်က ထွက်လာတဲ့ စခသံပြားကာကား (၈)စီးနဲ့ ကြေးနီတင်တွဲကား (၂၂)စီးကို ပဒေသာမိုင်း (၅)လုံးနဲ့ အရင်တိုက်ခိုက်တာ။ အဲ့ဒီမှာ စခကားတွေက ခင်မွန်ရွာ ဘက်စုံခွေးခြံမှာ ထိုးရပ်သွားလို့ လက်နက်ငယ်တွေနဲ့ ထပ်ပြီး ဝိုင်းပစ်ခဲ့တာ” လို့ ဆိုပါတယ်။
မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ဘက်က ထွက်လာတဲ့ စစ်တပ်ရဲ့ သံပြားကာကား (၈)စီးနဲ့ ကြေးနီတင်တွဲကား (၂၂)စီးပါ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ပဒေသာမိုင်း (၅)လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ခင်မွန်ရွာမှာ ရပ်တန့်သွားတာကြောင့် လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်ခဲ့တာမှာ စစ်တပ်ဘက်က (၃)ဦးသေဆုံးပြီး (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ထိခိုက်သေဆုံးသူတွေကို စစ်တပ်က မုံရွာကနေ လူနာတင်ကားတွေနဲ့ နမခစစ်ဌာနချုပ်ထဲ သယ်သွားခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ BHARE HEART ARMY(BHA) ဦးဆောင်ပြီး CHINDWIN FIGHTER GROUP(CFG) နဲ့ MONYWA DYNAMITE -STF တို့က လက်တွဲညီညီ တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။ပြီး
ဒါ့အပုင် အဲ့ဒီတိုက်ပွဲထဲ BRAVE HEART ARMY(BHA)က ရဲဘော်တစ်ဦး အသက်အန္တရာယ်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိဘပြည်သူတွေအနေနဲ့လဲ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းဖိုးတွေ တတ်နိုင်သလောက် ကူညီထောက်ပို့ပေးကြဖို့ Monywa Dynamite-Special က မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။







