နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်ကို အတည်ပြုခန့်အပ်

နိုဝင်ဘာလ (၁၈)ရက်။

မနေ့က စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်ကို အတည်ပြုခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလို ကြားကာလအစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၆၈)အရ အတည်ပြု တာဝန်ပေးခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ်အနေနဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ စစ်ကိုင်းမြို့နယ်ရဲ့ အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အနိုင်ရရှိခဲ့တဲ့ ဦးစိုးဦးကို ခန့်အပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဦးစိုးဦးဟာ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာလဲ စစ်ကိုင်းမြို့နယ်ရဲ့ အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အနိုင်ရခဲ့ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူပါ။

နောက်ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးကနေ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအပါအဝင် လွှတ်ာတော်အကြီးအကဲတွေကို ရွေးချယ်တာဝန်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ လွှတ်တော်အကြီးအကဲတွေ ‌ရွေးချယ်ခန့်အပ်ခဲ့တဲ့အပေါ် အခြားဖက်ဒရယ်ယူနစ်လွှတ်တော်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက ဂုဏ်ယူဝမ်းမြောက်‌တဲ့သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ဒါ့အပြင် ယူနစ်လွှတ်တော်အကြီးအကဲနဲ့ ဝန်ကြီးချုပ်တို့ကို အတည်ပြုတာဝန်ပေးခဲ့တဲ့ လွှတ်တော်အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွှန့်၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်တို့က ဧည့်သည်တော်အနေနဲ့ တက်ရောက်ခဲ့ကြပါတယ်။

အခုအခါ တိုင်းဒေသကြီး (၇)ခုထဲ ကြားကာလအခြေခံဥပဒေကို အတည်ပြုထားတဲ့ ဒေသတွေဟာ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရန်ကုန်တိုင်းတို့ဖြစ်ပြီး တနင်္သာရီ၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတို့ကတော့ မပြဋ္ဌာန်းရသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘားအံမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ခွင့်မပြုဘဲ ဆန့်ကျင်သွားမယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 18 Views
နိုဝင်ဘာလ (၁၈)ရက်။ ဘားအံမြို့နယ်ထဲ စစ်တပ်ရဲ့ လူထုအပေါ် လိမ်လည်လှည့်ဖျားမယ့် အတုအယောင် ရွေးကောက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ KNU-ဘားအံမြို့နယ်ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ကျောက်ဖြူမြို့ရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 18 Views
နိုဝင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲဝန်းကျင်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ လိပ်တင်ရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA
မြန်မာသတင်း

ရီပတ်ပလီကင်အောင်လွှတ်တော်အမတ် မာဂျော်ရီ တေလာဂရင်းနှင့် သမတထရန့်တို့ ခွာပြဲသွားခြင်း။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 22 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၁၇ရက် ဂျက်ဖရီ အက်ပ်စတိန်း ဖိုင်များ ထုတ်ပြန်ရေးနှင့် ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရန့် နှင့် အခြေအတင် ပြောဆိုမှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ အောက်လွှတ်တော်အမတ် မာဂျော်ရီ တေလာဂရင်း သည် ၎င်း၏ အသက်အန္တရာယ်ကို
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတဦး သေဆုံးတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ပြိုင်စရာမလိုဘဲ အနိုင်ထပ်ရပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 25 Views
နိုဝင်ဘာလ (၁၇)ရက်။ ဂန့်ဂေါမြိုမှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ် ပြိုင်စရာမလိုဘဲ အနိုင်ရသွားခဲ့ပြန်တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ အခုသေသွားတာက ဗိုလ်ပြုတ် သန်းဝင်း။ သူက စကစရွေးကောက်ပွဲကို ဂန့်ဂေါမှာ ပြည်သူ့လွှတ်တော်နေရာအတွက် တသီးပုဂ္ဂလအနေနဲ့
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် (၄)ဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး PDF ဆီ ထွက်ပြေးလွတ်မြောက်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 26 Views
နိုဝင်ဘာလ (၁၇)ရက်။ ကန့်ဘလူမြို ဘူးကုန်းစစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲက လူငယ်အမျိုးသား (၄)ဦး ကျွန်းအချုပ်ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု (၄)ယောက်က တရက်ထဲ အဖမ်းခံရတဲ့သူတွေမဟုတ်ဘူး။ တချိုက ရွှေမျှောလုပ်ဖိုသွားတာ။
မြန်မာသတင်း

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထားဖို NUG ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 22 Views
နိုဝင်ဘာလ (၁၇)ရက်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို NUG က နိုဝင်ဘာလ (၁၅)ရက်နေ့ရက်စွဲနဲ့ မနေ့က ထုတ်ပြန်ထားတယ်လို သိရပါတယ်။ မြန်မာနိုင်ငံထဲ ကျူးလွန်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်တွေအပေါ်
မြန်မာသတင်း

ရသေ့တောင်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 18 Views
နိုဝင်ဘာလ (၁၇)ရက်။ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ရသေ့တောင်မြိုရှိ ကျေးရွာအချိုကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်ခဲ့တယ်လို AA ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်ကောင်စီတပ်က ဘာထလေရွာနဲ့
မြန်မာသတင်း

ရန်ကုန် မှော်ဘီမြိုရှိ ကြံ့ခိုင်ရေးပါတီရုံး ဗုံးပစ်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲဝင် (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 20 Views
နိုဝင်ဘာလ (၁၇)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က ‌ရန်ကုန်တိုင်း မှော်ဘီမြိုနယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို မြိုပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုရဲ့ မှော်ဘီက အရေခြုံ ကြံ့ဖွတ်ရုံးကို UG ရဲဘော်တွေက