နိုဝင်ဘာလ (၂၂)ရက်။
ဖရူဆိုမြိုမှာ ရှေ့တန်းပိုဆောင်ခံရတဲ့ ခမရ(၅၃၁)တပ်ရင်းက စစ်ကော်မရှက်တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို Karenni Army BA-5 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ သူက နိုဝင်ဘာလ (၇)ရက်နေ့မှာ ဖရူဆိုမြို ခမရ(၅၃၁)တပ်ရင်းကနေ ရှေ့တန်းကို ပိုခံရလို Karenni Army BA-5 ဆီကို ချိတ်ဆက်ပြီး အလင်းဝင်လာတာ” လို ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်သားဟာ MA-1 (၁)လက်၊ လက်ပစ်ဗုံး (၁)လုံး၊ ဓါးတချောင်းနဲ့ လက်ကိုင်ဖုန်းတလုံးတိုကို ယူဆောင်လာခဲ့တာလို ဖော်ပြထားပါတယ်။
Karenni Army BA-5 ထံ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်သားကို ဆုကြေးငွေ ချီးမြှင့်နိုင်ဖို CDM ဌာနကို ပိုဆောင်ထားတယ်လို ပြောဆိုထားပါတယ်။
ဒါ့အပြင် အလင်းဝင်ရောက်ချင်တဲ့ စစ်ကော်မရှင်တပ်သားတွေအနေနဲ့ နယ်မြေထဲရှိ တော်လှန်ရေးတပ်သားတွေကို ချိတ်ဆက်ကာ အမြန်ဆုံး အလင်းဝင်လာဖို Karenni Army BA-5 က ဖိတ်ခေါ်ထားတယ်လို သိရပါတယ်။








