နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

DKBA အောက် လည်ပတ်နေတဲ့ ဖလူးဒေသက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်အောင် နိုင်ငံတကာက ပူးပေါင်းပါဝင်ဖို့ KNU တောင်းဆို

ဖလူးဒေသတိုက်ပွဲထဲ DKBA တပ်ဖွဲ့ဝင် (၂၃၀)ကျော် လက်နက်ချပြီး အခြေချစခန်းကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆို

နိုဝင်ဘာလ (၂၆)ရက်။

အောက်တိုဘာလ (၂၁)ရက်နေ့က မြဝတီတောင်ဘက် ဖလူးဒေသတိုက်ပွဲထဲ DKBA ရဲ့ ဗိုလ်မှူးကြီး နိုင်လွင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်တပ်ဘက်ကနေ ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်တပ်ဘက်ကနေ တိုက်ခိုက်တဲ့ ဗိုလ်မှူးကြီး နိုင်လွင်ကို DKBA ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းကျော်လှက တိုက်ရိုက်ကွပ်ကဲခဲ့ပြီး သူဟာ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ပိတ်ဆို့အရေးယူခံရသူလို့ ဆိုပါတယ်။

ဖလူးဒေသရှိ DKBA တပ်ဖွဲ့တွေ တပ်စွဲထားတဲ့နေရာကို KNU တပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းခဲ့ရာ DKBA တပ်ဖွဲ့ဝင် (၂၃၀)ဦးထက်မနည်း လက်နက်ချပြီး အခြေချစခန်းကို ထိန်းသိမ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနေရာဟာ နိုင်ငံပေါင်းစုံကနေ ထောင်ချီတဲ့သူတွေကို ဂိတ်အထပ်ထပ်ပိတ်ပြီး ကျားဖြန့်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ခြံဝင်းဖြစ်ကာ KNU က သွားလာကန့်သတ်တာနဲ့ ရာဇဝတ်လုပ်ငန်းမှာ ပါဝင်သူတွေ မထွက်ပြေးစေဖို့ လုံခြုံရေးချထားတယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး KNU ရဲ့ မြေပြင်အကဲဖြတ်အဖွဲ့ဟာ ခြံဝင်းထဲ ပိတ်မိနေသူတွေနဲ့ ကျားဖြန့်အလုပ်သမားတွေကို ဖော်ထုတ်ပြီး ဥ‌ပဒေနဲ့ လူသားစာနာမှုလုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဖလူးဒေသအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ သူတို့ကို ကူညီတိုက်ခိုက်ပေးနေတဲ့ တပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေကာ KNU က အဲ့ဒီခြံဝင်းနဲ့ ပတ်ဝန်းကျင်လုံခြုံရေးကို ဆက်လက်တာဝန်ယူထားရတယ်လို့လဲ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနေရာကနေ တရုတ်လူမျိုး အများဆုံးပါဝင်တဲ့ နိုင်ငံပေါင်း (၈)နိုင်ငံက နိုင်ငံခြားသား (၇၀၀)ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ကျားဖြန့်အလုပ်သမားအချို့ဟာ လူသေစေနိုင်တဲ့ လက်နက်တွေ ကိုင်ဆောင်တာတွေ ရှိတဲ့အတွက် ကျားဖြန့်စင်တာက အလုပ်သမားတွေရဲ့ အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်တယ်လို့ KNU က ပြောဆိုထားပါတယ်။

KNU အနေနဲ့ ကျန်ရှိတဲ့ လူပုဂ္ဂိုလ်တွေကို ဆက်လက်ဖော်ထုတ်ပြီး စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်သွားမှာဖြစ်ပေမယ့် တဖွဲ့ထဲ မစွမ်းဆောင်နိုင်တာကြောင့် ပူးပေါင်းဆောင်ရွက်နေတဲ့ အာဏာပိုင်တွေရဲ့ ကျွမ်းကျင်စစ်ဆေးရေးအဖွဲ့တွေထံ လွှဲပြောင်းပေးမယ်လို့ အသိပေးထားပါတယ်။

အခု ဖလူးရှိ ကျားဖြန့်စင်တာဟာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေအတွက် Case Study လက်တွေ့ဖြစ်ရပ်တခုအနေနဲ့ လေ့လာနိုင်ဖို့ အခွင့်အရေးဖြစ်ပြီး နိုင်ငံတကာအနေနဲ့ လျင်မြန်စွာ ပါဝင်မဆောင်ရွက်ပါက အဲ့ဒီအခွင့်အရေးဆုံးရှုံးမှာကို လွန်စွာစိုးရိမ်မိတယ်လို့ ပြောဆိုထားပါတယ်။

KNU အနေနဲ့လဲ အုပ်ချုပ်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးဖို့ကို ထိန်းသိမ်းဖို့၊ သားကောင်တွေကို ကာကွယ်ဖို့နဲ့ နယ်စပ်နဲ့ ပြင်ပမှာ လှုပ်ရှားနေတဲ့ ရာဇဝတ်မှုကွန်ရက်တွေအတွက် ရာဇဝတ်မှုကွန်ရက်တွေ တာဝန်ခံမှုရှိစေဖို့ ထိုင်းအစိုးရအပါအဝင် သက်ဆိုင်ရာအာဏာပိုင်တွေ၊ အဖွဲ့တွေနဲ့ ပူးပေါင်းသွားမယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 31 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ အဓိကအချက်များမှာ – တပ်ဖွဲ့များ၏
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 29 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 27 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့