နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတပြော

အစိုးရအဖွဲ့ ပြုပြင်ပြောင်း‌လဲရေး အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုပြုပြင်ပြောင်းလဲတာ ပထမအဆင့်လို့ဆို

ဒီဇင်ဘာလ (၉)ရက်။

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်သူထံ အသိပေးတဲ့မိန့်ခွန်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ မဟာမိတ် စစ်ရေးတပ်ပေါင်းစုနဲ့ မဟာမိတ် နိုင်ငံရေးတပ်ပေါင်းစုကနေ တမျိုးသားလုံးညီညွတ်ရေးကို ကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်တဲ့ အစိုးရဖြစ်လာအောင် အထူးသဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ကျယ်ပြန့်စွာပါဝင်လာနိုင်အောင် ကျနော်တို့အားလုံး ကြိုစားခဲ့ကြပါတယ်။ ဒါပေမယ့် အဓိက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုကြီးတွေက NUG ထဲ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ အခုအချိန်မှာ အကန့်အစတ်တွေရှိနေတယ်ဆိုတာ သိရှိရပါတယ်” လို့ သူက ဆိုပါတယ်။

NUG ပြုပြင်ပြောင်းလဲရေးကို NUCC အပါအဝင် ပြည်သူကိုယ်စားပြုအစုအဖွဲ့တွေရဲ့ သဘောထားတွေကို အစဉ်မပြတ် နားစွန့်ခဲ့ပြီး ပြည်သူ့သဘောထားနဲ့အညီ အဆင့်အလိုက် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို ဆောင်ရွက်ခဲ့ရာမှာ ယာယီသမ္မတ၊ ဝန်ကြီးချုပ်နဲ့ CRPH ဥက္ကဋ္ဌတို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲတဲ့ ကော်မရှင်ကို ဇူလိုင်လမှာ ဖွဲ့စည်းပြီး လက်တွေ့ကျကျ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာလို့ ပြောဆိုထားပါတယ်။

NUG အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲတာကို အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုအပြောင်းအလဲက ပထမဆင့်ဖြစ်ကာ ပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ စုဖွဲ့လက်တွဲမှုမျိုး ဒီကနေ့အချိန်အထိ အပြည့်အဝ မရနိုင်သေးတာကို ယာယီသမ္မတက ဝန်ခံထားပါတယ်။

“ လူထုအကျိုးနဲ့ တော်လှန်ရေးအောင်မြင်မှုတွေကို ရဖို့ဆိုရင် ပြုပြင်ပြောင်းလဲရေးကို လက်တွေ့လုပ်ဆောင်ဖို့ တွန့်ဆုတ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် လူမျိုးပေါင်းစုံ၊ ဒေသမျိုးကွဲပေါင်းစုံနဲ့ အင်အားစုပေါင်း စုံလွန်းတဲ့ နိုင်ငံထဲမှာ ပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ စုဖွဲ့လက်တွဲမှုမျိုးကို ဒီကနေ့အချိန်အထိ အပြည့်အဝမရနိုင်သေးဘူးလို့ ဝန်ခံရမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

နောက်ပြီး ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ကိုယ်စားပြုမှုအားကောင်းတဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေကာ တတိယအဆင့်က အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးအစိုးရသစ်တရပ် ဖွဲ့စည်းဖို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကြုံတွေ့ခဲ့ပြီးဖြစ်တဲ့ တော်လှန်ရေးအောင်မြင်မှုတွေဟာ ပြည်သူရဲ့ ခွန်အားတွေနဲ့ ကျော်ဖြတ်နိုင်ခဲ့တဲ့ အောင်မြင်မှုဖြစ်ပြီး ပြည်သူရဲ့ သဘောထားနဲ့ အကျိုးစီးပွားကို ရှေ့ရှုကာ အစဉ်တစိုက် ချီတက်နေတယ် လို့လဲ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ တော်လှန်ရေး (၄)နှစ်တာကာလထဲ NUG အစိုးရရဲ့ လုပ်ဆောင်ချက်တွေထဲမှာ အောင်မြင်မှုတွေရှိသလို ကျဆုံးမှုတွေလဲရှိခဲ့တာကို ဝန်ခံထားပြီး အခင်အခဲကြားက ပြည်သူနဲ့အတူ ရုန်းကန်ကျော်ဖြတ်နေတဲ့ စိန်ခေါ်မှုတွေရှိနေတယ်လို့ ယာယီသမ္မတရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 25 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ
မြန်မာသတင်း

ဒိုင်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ဖို့တောင်းဆိုတဲ့ နိုင်/ကျဉ်းသူတွေ တိုက်ပိတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 26 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေ တိုက်ပိတ်ခံခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 25 Views
ဇန်နဝါရီလ (၃၁)ရက်။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းဖို့ကနေ ပြည်ထောင်စု အားကောင်းဖို့ကို
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 25 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw Revolution-IR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မော်လူးဒေသ လေဘိုရွာကို
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 33 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 31 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 37 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 42 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာပြည်သူတရပ်လုံးအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကို