ဒီဇင်ဘာလ (၁၀)ရက်။
ဒီကနေ့ နံနက်အစောပိုင်းအချိန်တွေက KNU ဌာနချုပ် တပ်မဟာ(၇)နယ်မြေ ကလို့ယော်လေးကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ နံနက်အစောပိုင်း (၂)နာရီလောက်ကစပြီး KNU ဌာနချုပ် တပ်မဟာ(၇) ကလို့ယော်လေး သစ်ဘေ့ထကို စစ်တပ်က အသေခံကာမီကာဇယ်ဒရုန်း (၆)စင်းနဲ့ လာတိုက်ခိုက်သွားတာ” လို့ ဆိုပါတယ်။
KNU ဌာနချုပ် တပ်မဟာ (၇) ကလို့ယော်လေးဒေသ သစ်ဘေ့ထကို စစ်တပ်က နံနက် (၂)နာရီအချိန်ကစပြီး (၅)နာရီခန့်အထိ အသေခံဒရုန်း (၆)စင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတဲ့အခြေအနေကို မသိရသေးသလို သက်ဆိုင်ရာအဖွဲ့တွေဘက်ကလဲ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အခုလို တိုက်ခိုက်တာဟာ KNU တပ်မဟာ(၇)ထဲ ကျန်ရှိနေသေးတဲ့ မဲသဝေါဒေသရှိ အကြမ်းဖက်စစ်တပ်စခန်းကနေ အသေခံဒရုန်းတွေ လွှတ်တင်မောင်းနှင်ခဲ့တာလို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေက ယူဆထားပါတယ်။
အခုအချိန်မှာ KNU ရဲ့ တပ်မဟာနယ်မြေတွေမှာ စစ်တပ်က တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်နေတာကြောင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။








