နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်

အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ ကိုလ်စနီကိုဗာ(Maria Kolesnikova) အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးခဲ့သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အဲလ်စ် ဘီယာလျက်စကီး (Ales Bialiatski)သည်လည်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်၏ ဘီလာရုစ်ဆိုင်ရာ အထူးသံတမန် ဂျွန် ကိုလ်နှင့် မင့်စ်ခ် (Minsk) မြို့၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများအပြီးတွင် လွှတ်ပေးခံရသူများထဲတွင် ပါဝင်သည်။

အမေရိကန်သည် မြေသြဇာအတွက် အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ရုရှား၏ အနီးကပ်မဟာမိတ် ဘီလာရုစ်အတွက် အရေးကြီးသော ပို့ကုန်တစ်ခုဖြစ်သည့် ပိုတက်ရှ် (potash) အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် သဘောတူခဲ့သည်။

ကိုလ်က “နိုင်ငံနှစ်ခုအကြား ဆက်ဆံရေး ပုံမှန်ဖြစ်လာသည်နှင့်အမျှ ပိတ်ဆို့အရေးယူမှုများကို ပို၍ပို၍ ရုပ်သိမ်းသွားမည်” ဟု ပြောကြားခဲ့သည်။

ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို ကို EU က သမ္မတအဖြစ် အသိအမှတ် မပြု ထားပါ။

ကိုလ်စနီကိုဗာသည် ၂၀၂၀ ပြည့်နှစ်ကတည်းက အကျဉ်းကျခံခဲ့ရပြီး အချိန်အများစုကို တစ်ဦးတည်း သီးခြားထားရှိခြင်း ခံခဲ့ရသည်။ သူမ လွတ်မြောက်ပြီးနောက်တွင် “ကျွန်မအတွက် ချစ်ခင်ရတဲ့” လူတွေကို မြင်တွေ့ခွင့်၊ ပွေ့ဖက်ခွင့်ရသည့်အတွက် မယုံနိုင်စရာ ပျော်ရွှင်မှု ခံစားရတယ်” ဟု ပြောကြားခဲ့သည်။

သူမက “ကျွန်မရဲ့ လွတ်လပ်မှု ပထမဆုံး နေဝင်ချိန်ကို မြင်ရတာ၊ ဒီလောက် အံ့သြစရာ ကောင်းတဲ့ အလှတရားကို မြင်ရတာ ကြီးမားတဲ့ ပျော်ရွှင်မှုပါပဲ။ ဒါပေမဲ့ မလွတ်မြောက် သေးတဲ့သူတွေကိုလည်း ကျွန်မတို့ သတိရနေပါတယ်။ အားလုံး လွတ်မြောက်ပြီး အချင်းချင်း ပွေ့ဖက်နိုင်မယ့် အချိန်ကို ကျွန်မ စောင့်မျှော်နေပါတယ်” ဟု ပြောသည်။

စစ်သုံ့ပန်းများ စောင့်ရှောက်ရေးအတွက် ကိယက်ဗ်၏ ညှိနှိုင်းရေးဌာနချုပ်၏ အဆိုအရ ကိုလ်စနီကိုဗာသည် အခြားအကျဉ်းသား ၁၁၃ ဦးနှင့်အတူ ယူကရိန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ယူကရိန်းက တယ်လီဂရမ် (Telegram) မှ ထုတ်ပြန်ချက်တွင် အကျဉ်းသားများသည် လိုအပ်သော ဆေးဝါးအကူအညီများ ရရှိပြီးနောက် ပိုလန်နှင့် လစ်သူယေးနီးယားသို့ ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။

ဗီလ်နီးယပ်စ်မြို့ရှိ အမေရိကန်သံရုံးအပြင်ဘက်တွင် စောင့်ဆိုင်းနေသော ပြည်ပရောက် ဘီလာရုစ်အတိုက်အခံခေါင်းဆောင် ဆဗတ်လာနာ တီခါနော့ဗ်စကာယာ က ဘီဘီစီသို့ ပြောကြားရာတွင် ၎င်းတို့ကို ယူကရိန်းသို့ ပို့ရန် ဆုံးဖြတ်ချက်မှာ မမျှော်လင့်ဘဲ လူကာရှန်ကိုက ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဘီယာလျက်စကီးအပါအဝင် လူအနည်းငယ်ကို လစ်သူယေးနီးယားမြို့တော်သို့ ပို့ဆောင်ခဲ့သည်။

တီခါနော့ဗ်စကာယာကို ပွေ့ဖက်ပြီးနောက် ဘီယာလျက်စကီးက “လူထောင်ပေါင်းများစွာ အကျဉ်းကျခံခဲ့ရပြီး ဆက်လက် အကျဉ်းကျနေဆဲဖြစ်လို့… ကျွန်တော်တို့ရဲ့ ရုန်းကန် လှုပ်ရှားမှု တွေ ဆက်လက်ရှိနေဦးမှာပါ” ဟု ပြောသည်။

လူကာရှန်ကိုအတွက် ကြီးမားသော အောင်မြင်မှု

ကိုလ်စနီကိုဗာနှင့် စကားပြောဆိုရာတွင် ပထမဆုံး ပြောသည့်စကားမှာ “အမေရိကန် အုပ်ချုပ်ရေးအဖွဲ့၊ သမ္မတ ထရန့် [နှင့်] ဘီလာရုစ်အစိုးရကိုပါ ဦးဆောင်ပြီး ပြောဆိုဆွေးနွေး ညှိနှိုင်းခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း” ဖြစ်သည်ဟု ခိုမီချ်က ပြောသည်။

ဤသဘောတူညီချက်သည် လူကာရှန်ကိုအတွက် အဓိက အောင်မြင်မှုတစ်ခု ဖြစ်သည်။ အာဏာရှင်ခေါင်းဆောင်သည် အမေရိကန်များက ၎င်း၏ နိုင်ငံတကာအထီးကျန်မှုကို အဆုံးသတ်ပေးခဲ့ခြင်းကိုလည်း ကြိုဆိုဖွယ်ရှိသည်။

EU ကဲ့သို့ပင် အမေရိကန်သည်လည်း လွန်ခဲ့သောငါးနှစ်က မတရားသော ရွေးကောက်ပွဲများ အပြီး လူကာရှန်ကိုအား သမ္မတအဖြစ် အသိအမှတ်မပြုခဲ့ပေ။ ထိုရွေးကောက်ပွဲများကြောင့် ဖြစ်ပွားခဲ့သော လမ်းပေါ်ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့က ရက်ရက်စက်စက် နှိမ်နင်းခဲ့သည်။

ထိုစဉ်က ကိုလ်စနီကိုဗာအပါအဝင် လူရာပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး ပြင်းထန်သော နိုင်ငံရေး ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ရုရှား၏ ယူကရိန်းသို့ အပြည့်အဝ ကျူးကျော်မှုအပြီးတွင် အနောက်နိုင်ငံ များ၏ ပိတ်ဆို့အရေးယူမှုများ ပိုမို တင်းကျပ်လာခဲ့ပြီး၊ ထိုစဉ်က ရုရှားတပ်များသည် ဘီလာရုစ်မှတစ်ဆင့် ဝင်ရောက်ခဲ့ကြပြီး ဒုံးကျည်များကိုလည်း ဘီလာရုစ်ပိုင်နက်မှ ပစ်လွှတ်ခဲ့သည်။

ကိုလ်ကို ဘီလာရုစ်အစိုးရပိုင် မီဒီယာက ကိုးကားဖော်ပြရာတွင် ပိုတက်ရှ်အပေါ် ပိတ်ဆို့အရေးယူမှုများကို ချက်ချင်း ရုပ်သိမ်းမည် ဟု ပြောကြားခဲ့သည်။

အမေရိကန်သံတမန်က ယူကရိန်းအရေးနှင့် ပူတင်နှင့် ဆွေးနွေးရာတွင် မင့်စ်ခ်က မည်သည့် အကူအညီများ ပေးနိုင်သည်ကို လူကာရှန်ကိုနှင့် ဆွေးနွေးခဲ့ကြောင်းလည်း ပြောသည်။

မင့်စ်ခ်နှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမှုသည် အမေရိကန်၏ မူဝါဒတွင် အဓိက ပြောင်းလဲမှု ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ယင်းသည် ပိတ်ဆို့အရေးယူမှုနှင့် သီးခြားခွဲထုတ်ရေး ချဉ်းကပ်မှု ကို ကျင့်သုံးသော ဥရောပနှင့် များစွာ ကွဲလွဲနေသည်။

လွန်ခဲ့သောငါးနှစ်က ဖမ်းဆီးခံခဲ့ရသော ဘီလာရုစ် အတိုက်အခံနိုင်ငံရေးသမား ဗစ်တာ ဘာဘာရီကို (Viktor Babaryko) ကိုလည်း လွတ်လပ်သော သတင်းဝက်ဘ်ဆိုက် Tut.by ၏ အယ်ဒီတာချုပ်ဖြစ်သူ မာရီနာ ဇိုလိုတိုဗာ (Marina Zolotova) နှင့်အတူ စနေနေ့တွင် လွှတ်ပေးခဲ့သည်။

လွတ်ငြိမ်းခွင့်များအတွက် လဲလှယ်သည့်အနေဖြင့် ပိုတက်ရှ်တင်ပို့မှုများနှင့် ပတ်သက်၍ အမေရိကန်၏ ဘီလာရုစ်နှင့် သဘောတူညီချက်အပေါ် တီခါနော့ဗ်စကာယာက မှတ်ချက် ပေးရာတွင် ပိတ်ဆို့အရေးယူမှုများသည် “အာဏာရှင်တွေကို တစ်ခုခုလုပ်ဖို့ ဖိအားပေးတဲ့ နည်းလမ်း” ဖြစ်သည်ဟု ပြောသည်။

သူမက “လူကာရှန်ကိုက လူသားဆန်လာလို့ လူတွေကို လွှတ်ပေးတာမျိုး မဟုတ်ဘူး၊ လူတွေကို တတ်နိုင်သမျှ ဈေးကြီးယူပြီး ရောင်းချင်တာ။ ဟုတ်ပါတယ်၊ ဒါက ဈေးနှုန်းပါပဲ။ ဒါပေမဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ လိုက်လျောညီထွေရှိတယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ သဘောတူညီချက်တချို့ မပြည့်မီဘူးဆိုရင် မနက်ဖြန်မှာ သူတို့ ဒါတွေကို ပြန်ရုပ်သိမ်းနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အဲလက်စ် ဘီယယ်လီယက်စကီ ဗီလ်နီးယပ်စ်မြို့သို့ ရောက်ရှိ(ဓါတ်ပုံ)။

မာရီယာ ကိုလက်စ်နီကိုဗာနှင့် အခြားအကျဉ်းသား ၁၁၃ ဦးကို ဘီလာရုစ်မှ ယူကရိန်းသို့ ပို့ဆောင်ခဲ့သည်။(ဓါတ်ပုံ)

မာရီယာ ကိုလက်စ်နီကိုဗာအဖမ်းဆီးခံထားရစ်။(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 39 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 40 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 46 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက