နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက်

အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို အကြမ်းဖက်စွာ ဖမ်းဆီးခဲ့သည်” ဟု ၎င်း၏ ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။

နာဂက်စ် ဖောင်ဒေးရှင်း က အသက် ၅၃ နှစ်အရွယ် မိုဟာမက်ဒီကို အခြားလှုပ်ရှားသူများ နှင့်အတူ အရှေ့ပိုင်းမြို့ဖြစ်သော မက်ရှက်ဒ် (Mashhad) တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြောသည်။

နိုဘယ်လ်ကော်မတီက “ ယနေ့ နာဂက်စ် မိုဟာမက်ဒီကို ရက်ရက်စက်စက် ဖမ်းဆီးမှုအတွက် အလွန်စိုးရိမ်မိသည်” ဟု ပြောကြားခဲ့ပြီး အာဏာပိုင်များအား “ မိုဟာမက်ဒီ၏ တည်နေရာကို ချက်ချင်းရှင်းလင်းပြောကြားပေးရန်၊ သူမ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို အာမခံရန်နှင့် ဖမ်းဆီးမထားဘဲ လွှတ်ပေးရန်” တောင်းဆိုခဲ့သည်။ အီရန်ကမူ မှတ်ချက်ပေးခြင်း မရှိသေးပါ။

မိုဟာမက်ဒီသည် အီရန်နိုင်ငံရှိ အမျိုးသမီးများအပေါ် ဖိနှိပ်မှုများကို ဆန့်ကျင်သည့် ၎င်း၏ လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးခဲ့မှုများအတွက် ၂၀၂၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

သူမသည် ၂၀၂၁ ခုနှစ်ကတည်းက တီဟီရန်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အီဗင် (Evin) အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆေးကုသမှု ခံယူရန်အတွက် သုံးပတ်ကြာ ယာယီလွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။

သူမသည် ပြစ်ဒဏ်များစွာကို ကျခံနေရသည့် အကျဉ်းထောင်သို့ မကြာမီ ပြန်သွားရမည်ဟု မျှော်လင့်ရသည်။

သူမကို နောက်ဆုံးအကြိမ် ဖမ်းဆီးမှုသည် ရှေ့နေတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်က ရုံးခန်းတွင် သေဆုံးနေသည်ကို တွေ့ရှိရသော ခိုစရော အလီကောဒီ (Khosrow Alikordi) အတွက် ကျင်းပသည့် အောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နော်ဝေအခြေစိုက်အီရန်လူ့အခွင့်အရေး အဖွဲ့ က ၎င်း၏သေဆုံးမှုပတ်ဝန်းကျင်မှ အခြေအနေများသည် သံသယဖြစ်ဖွယ်” ရှိနေသည်ဟု ပြောကြားကာ မည်သို့သေဆုံး ခဲ့သည်ကို စုံစမ်းရန် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အခမ်းအနားတွင် “ အာဏာရှင် သေပါစေ” နှင့် “ အီရန်နိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ” ကဲ့သို့သော ကြွေးကြော်သံများကို ဟစ်အော်ခဲ့ကြသည်ဟု သတင်းရရှိပြီး၊ အခြားလှုပ်ရှား သူများစွာကိုလည်း ထိုအခမ်းအနား၌ ထိန်းသိမ်းခဲ့သည်။

မိုဟာမက်ဒီ၏ ခင်ပွန်းဖြစ်သူ တာဂီ ရာမနီ (Taghi Rahmani) က ဘီဘီစီ ပါရှန်ဘာသာသို့ ပြောကြားရာတွင် “ သူတို့က နာဂက်စ်ကို အကြမ်းဖက် ဖမ်းဆီးခဲ့တယ်။ အောက်မေ့ဖွယ် အခမ်းအနားမှာ ရှေ့နေရဲ့အစ်ကိုကိုယ်တိုင် သူ့ကို ဖမ်းဆီးတာ မြင်ခဲ့ရတယ်။ ဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးဥပဒေတွေကို ဆန့်ကျင်ပြီး လက်စားချေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါက ဒီနေ့ မက်ရှက်ဒ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး မကြာသေးမီက အစိုးရရဲ့ နှိမ်နင်းမှုတွေ တင်းမာ လာနေတဲ့အတွက် စိုးရိမ်စရာဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်ဆန့်ကျင်မှုနှင့် ခြိမ်းခြောက်မှုများ

မိုဟာမက်ဒီသည် အစ္စရေးနှင့် ဇွန်လတွင် အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အီရန်အာဏာပိုင် များက ဖိနှိပ်မှုများကို ပိုမိုပြင်းထန်လာကြောင်း မကြာသေးမီက စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က သူမသည် Time မဂ္ဂဇင်းအတွက် ဆောင်းပါး တစ်ပုဒ်ကို ရေးသားခဲ့ပြီး အီရန်အစိုးရသည် ပုဂ္ဂိုလ်ရေးနှင့် လူမှုဘဝ၏ ရှုထောင့်အားလုံးကို ထိန်းချုပ်နေပုံအကြောင်း ရေးသားခဲ့သည်။

သူမက “ သူတို့ရဲ့ ငြိမ်းချမ်းမှုကို စောင့်ကြည့်ထောက်လှမ်းမှု၊ ဆင်ဆာဖြတ်တောက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အကြမ်းဖက်မှုရဲ့ အမြဲတမ်းခြိမ်းခြောက်မှုတွေက ဖျက်ဆီးနေပါတယ်” ဟု ပြောသည်။

သူမသည် “ အစိုးရ၏ ကိုယ်စားလှယ်များ” ထံမှ သွယ်ဝိုက်သောနည်းလမ်းများနှင့် ၎င်း၏ ရှေ့နေများမှတစ်ဆင့် သတိပေးချက်များ လက်ခံရရှိခဲ့သည် ဟု နိုဘယ်လ်ကော်မတီသို့ ပြောကြားခဲ့သည်။

နိုဘယ်လ်ကော်မတီ၏ ထုတ်ပြန်ချက်က “ မိုဟာမက်ဒီကို ပေးပို့တဲ့ ခြိမ်းခြောက်မှုတွေက သူမအနေနဲ့ အီရန်အတွင်း လူမှုရေးလုပ်ငန်းတွေအားလုံးကို အဆုံးသတ်ဖို့၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထောက်ခံတဲ့ နိုင်ငံတကာလှုပ်ရှားမှု ဒါမှမဟုတ် မီဒီယာတွေ့ဆုံမှုအားလုံးကို ရပ်တန့်ဖို့ ကတိမပေးရင် သူမရဲ့ လုံခြုံရေး အန္တရာယ်ရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်” ဟု ထပ်လောင်း ပြောခဲ့သည်။

လွန်ခဲ့သောတစ်နှစ်တာကာလအတွင်း သူမသည် မဖြစ်မနေ ဝတ်ဆင်ရသော ခေါင်းစည်း ပဝါကို ဝတ်ဆင်ရန် ငြင်းဆန်ခြင်းနှင့် တစ်နိုင်ငံလုံးရှိ လှုပ်ရှားသူများနှင့် တွေ့ဆုံခြင်းဖြင့် စိန်ခေါ်မှုကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

သူမ၏ ဘဝတစ်လျှောက်လုံးတွင် မိုဟာမက်ဒီသည် ဖောင်ဒေးရှင်း၏ အဆိုအရ ၁၃ ကြိမ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၃၆ နှစ်ကျော်နှင့် ကြိမ်ဒဏ် ၁၅၄ ချက် ချမှတ်ခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 32 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ