နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏ ဆုံးဖြတ်ချက်ကို “ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်း” ဖြစ်သည်ဟု အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကြားဝင်စွက်ဖက်ပေးရန် တောင်းဆိုရာတွင် အဆိုပါ ဌာနက “ နာရှမ်းစခန်းရှိ စနစ်တကျ ဖျက်သိမ်းသည့် မူဝါဒသည် မိသားစုပေါင်းများစွာကို အတင်းအဓမ္မ နေရပ်စွန့်ခွာစေမည် ဖြစ်ကြောင်း၊ ၎င်းမှာ ပါလက်စတိုင်းစခန်းများကို လူသူကင်းမဲ့စေရန်နှင့် ၎င်းတို့၏ တည်ရှိမှုကို ဖျောက်ဖျက်ရန်၊ ရေရှည်ထိန်းချုပ်မှုများ ပြုလုပ်ရန်ဖြစ်ပြီး ဂျေရုဆလင်အရှေ့ပိုင်း အပါအဝင် အနောက်ဖက်ကမ်းကို သိမ်းပိုက်မည့် ပိုမိုကျယ်ပြန့်သော အစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဝက်စ်ဘန့်ခ်ရှိ UNRWA အေဂျင်စီ၏ ညွှန်ကြားရေးမှူး ရိုလန်ဖရက်ဒရစ်ချ်(Roland Friedrich) က အဆိုပါ ဖျက်သိမ်းမှုများကို ဒီဇင်ဘာ ၁၈ ရက်ကတည်းက စတင်လုပ်ဆောင်ရန် သတ်မှတ် ထားကြောင်း တနင်္လာနေ့က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အစ္စရေးစစ်တပ်ကမူ “ ရှင်းလင်းပြီး လိုအပ်သော စစ်ဆင်ရေးလိုအပ်ချက်အရ” စခန်းအတွင်းရှိ “ အဆောက်အအုံအချို့ကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်” ဟု အင်္ဂါနေ့ထုတ်ပြန်ချက် တွင် ပြောဆိုခဲ့သည်။

ဖရက်ဒရစ်ချ်(Friedrich) က ၎င်းမှာ “ စိတ်ပျက်ဖွယ် သတင်းဆိုး” ဖြစ်ကြောင်းနှင့် အဆိုပါ အဆောက်အအုံ ၂၅ လုံးသည် “ ချက်ချင်းဖျက်သိမ်းခံရမည့် အခြေအနေ” နှင့် ရင်ဆိုင်နေရပြီး “ အတင်းအဓမ္မ နေရပ်စွန့်ခွာရသူ ရာပေါင်းများစွာ” အပေါ် သက်ရောက်မှုရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ဒီဖျက်သိမ်းမှု အမိန့်သစ်ဟာ အနောက်ဖက်ကမ်း မြောက်ပိုင်းက စခန်းတွေကို ရေရှည် ထိန်းချုပ်နိုင်ဖို့နဲ့ သူတို့ရဲ့ မြေမျက်နှာသွင်ပြင်ကို အမြဲတမ်း ပြောင်းလဲပစ်ဖို့ အိမ်ခြေတွေကို ဖျက်ဆီးနေတဲ့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဒီနှစ်အတွင်း လုပ်ဆောင်နေကျ ပုံစံထဲက တစ်ခုပဲ ဖြစ်တယ်” ဟု ဖရက်ဒရစ်ချ် က ဆိုသည်။

စစ်တပ်၏အမိန့်သည် အစ္စရေးအစိုးရအဖွဲ့မှ အနောက်ဖက်ကမ်း ရှိ အခြေချနေထိုင်သူများ၏ စခန်းငယ်များစွာကို တရားဝင်အဖြစ် သတ်မှတ်ပေးပြီး တည်ထောင်ရန် အတည်ပြုခဲ့ပြီး နောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းဆုံးဖြတ်ချက်အရ အနောက်ဖက်ကမ်း တစ်ခွင်ရှိ စခန်းငယ် ၁၉ ခုကို ခွင့်ပြုပေးခဲ့ပြီး ထိုအထဲတွင် ၂၀၀၅ ခုနှစ် ရုတ်သိမ်းရေးအစီအစဉ်အရ ဖယ်ရှားခဲ့သော နေရာနှစ်ခုလည်း ပါဝင်သည်။

အစ္စရေး အခြေချနေထိုင်မှုများကို စောင့်ကြည့်သည့် Peace Now အဖွဲ့ကမူ “ အစိုးရသည် အဆိုပါနယ်မြေများတွင် အစ္စရေး၏ တည်ရှိမှုကို ခိုင်မာစေရန်နှင့် အနာဂတ်တွင် လူမျိုး နှစ်မျိုးအတွက် နိုင်ငံနှစ်ခုအဖြစ် ငြိမ်းချမ်းစွာ ယှဥ်တွဲနေထိုင် တည်ရှိနိုင်မည့် အခွင့်အလမ်း များကို ပိတ်ပင်ရန် တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်နေခြင်းဖြစ်သည်” ဟု တုံ့ပြန် ခဲ့သည်။

အခြေချနေထိုင်မှုများကို နိုင်ငံတကာဥပဒေအရသော်လည်းကောင်း၊ နိုင်ငံတကာ အသိုင်း အဝိုင်း အတော်များများကသော်လည်းကောင်း တရားမဝင်ဟု သတ်မှတ်ထားသည်။ Peace Now ၏ အဆိုအရ လက်ရှိ အစ္စရေးလက်ယာယိမ်းအစိုးရသည် ၂၀၂၃ ခုနှစ်တွင် တာဝန် စတင် ယူကတည်းက အခြေချစခန်း ၆၈ ခုအထိ တည်ထောင်ခဲ့ပြီး ၎င်းမှာ အခြေချမှု လုပ်ငန်းစဉ် များကို အရှိန်အဟုန်ဖြင့် သိသိသာသာ ချဲ့ထွင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အစ္စရေးစစ်တပ်ကမူ အနောက်ဖက်ကမ်း မြောက်ပိုင်းရှိ နေရာများသည် “ လူဦးရေ ထူထပ် သော အရပ်သား နယ်မြေများအတွင်းမှ လှုပ်ရှားနေသည့် အကြမ်းဖက်သမားများ၏ အဓိက အချက်အချာနေရာ ဖြစ်လာသောကြောင့်” အဆောက်အအုံများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ ထို့ကြောင့် ယခုအပတ်အစောပိုင်းတွင် မြို့ပြစီမံခန့်ခွဲရေးဌာနက နာရှမ်းဒေသရှိ အဆောက် အအုံ အချို့ကို ဖျက်သိမ်းရန် ရည်ရွယ်ထားကြောင်း ဒေသခံများကို အကြောင်းကြားခဲ့သည်။ ဒေသခံများအား ၎င်းတို့၏ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုများကို ဖယ်ရှားရန် အခွင့်အရေး ပေးမည် ဖြစ်သည်” ဟု အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

ဖရက်ဒရစ်ချ် ကမူ “ အနောက်ဖက်ကမ်း မြောက်ပိုင်းရှိ ပါလက်စတိုင်းဒုက္ခသည် ၃၂,၀၀၀ ကျော်၏ အတင်းအဓမ္မ နေရပ်စွန့်ခွာရမှုသည် အမြဲတမ်း ဖြစ်မသွားသင့်ပါ။ ဒေသခံများသည် အိမ်ပြန်ရန်အတွက် ၁၁ လတိုင်တိုင် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။ မြေထိုးစက်များ၏ ထိုးနှက်ချက် တစ်ခုချင်း စီတိုင်းက ၎င်းတို့၏ မျှော်လင့်ချက်များကို ပိုမိုဝေးကွာသွားစေပါသည်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖျက်သိမ်းမှုများသည် နာရှမ်း၊ တူလ်ကာရန် နှင့် ဂျီနင် (Jenin) အပါအဝင် အနောက်ဖက်ကမ်း မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားနေစဉ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးက ၎င်းစစ်ဆင်ရေး များသည် ပါလက်စတိုင်း လက်နက်ကိုင်ကွန်ရက်များကို ဖြိုခွင်းရန်နှင့် တိုက်ခိုက်မှုများကို ကာကွယ်ရန် ဖြစ်သည်ဟု ဆိုသော်လည်း ပါလက်စတိုင်းအရာရှိများနှင့် လူ့အခွင့်အရေးအဖွဲ့ များကမူ ယင်းလုပ်ရပ်များသည် အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှုနှင့် အစုအဖွဲ့လိုက် ပြစ်ဒဏ် ခတ်မှုများသာ ဖြစ်သည်ဟု ချေပပြောဆိုနေကြသည်။

(ဓာတ်ပုံအညွှန်း) – တူလ်ကာရန် အရှေ့ပိုင်း နာရှမ်းဒုက္ခသည်စခန်းရှိ နေအိမ်များသို့ ပြန်ခွင့်ပေးရန် တောင်းဆိုဆန္ဒပြနေစဉ် ပါလက်စတိုင်း သက်ကြီးရွယ်အိုတစ်ဦးက အစ္စရေးစစ်ကားများကို အော်ဟစ်ဆဲဆိုနေပုံ – Nasser Ishtayeh/SOPA Images/LightRocket/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 12 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင်
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 25 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 34 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 28 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 52 Views
BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို “ အကြမ်းဖက်စွာ ဖမ်းဆီးခဲ့သည်” ဟု ၎င်း၏ ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ နာဂက်စ် ဖောင်ဒေးရှင်း က
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 47 Views
BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ ကိုလ်စနီကိုဗာ(Maria Kolesnikova) အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးခဲ့သည်။ နိုဘယ်လ်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားက နယ်စပ်ဂိတ်များကို ပိတ်ချထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 44 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီးဖြစ်သော်လည်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စနေနေ့တွင်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားက စွမ်းအင်ကွန်ရက်ကို တိုက်ခိုက်ပြီးနောက် ယူကရိန်းတွင် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 32 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် တစ်ညတာလုံး ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းရှိ အိမ်ထောင်စု တစ်သန်းကျော် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း အရာရှိများက ပြောကြားခဲ့ပြီး၊ ရုရှားက စွမ်းအင်နှင့် စက်မှုလုပ်ငန်း