နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီ က ပြောကြားလိုက်သည်။

CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီက အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။ ယင်းမှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ သတင်းအချက်အလက် အနည်းငယ်သာ ရရှိထားကြောင်းနှင့် သူမ၏အခြေအနေကို မိမိမသိရှိဘဲ သေဆုံးသွားမည်ကို စိုးရိမ်မိကြောင်း သူမ၏သားဖြစ်သူ က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တိုကျိုမြို့တွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ကင်မ်အဲရစ် (Kim Aris) က သူ၏မိခင်ထံမှ သတင်းစကား မကြားရသည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် သူမကို မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်တွင် ထိန်းသိမ်းထားသည်ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ ပြည်တွင်းစစ်ကို ဖြစ်ပွားစေခဲ့သည့် စစ်အာဏာသိမ်းမှု အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ သူမသည် လှုံ့ဆော်မှု၊ အဂတိလိုက်စားမှုနှင့် ရွေးကောက်ပွဲ မသမာမှု အပါအဝင် သူမကိုယ်တိုင် ငြင်းဆိုထားသည့် စွဲချက်များစွာဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရသည်။

“ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းမွန်ပါတယ်” ဟု စစ်ကောင်စီက လုပ်ဆောင်နေသည့် Myanmar Digital News တွင် ဖော်ပြထားသော ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ ထုတ်ပြန်ချက်၌ သူမ၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်သည့် အထောက်အထား သို့မဟုတ် အသေးစိတ် အချက်အလက်များကိုမူ တင်ပြထားခြင်း မရှိပေ။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကိုကင်မ်အဲရစ်ထံသို့ မှတ်ချက်တောင်းခံရန် ချက်ချင်း ဆက်သွယ်၍ မရသေးပေ။

ဒီဇင်ဘာ ၂၈ ရက်တွင် စတင်မည့် မြန်မာနိုင်ငံ၏ အဆင့်ဆင့်ကျင်းပမည့် ရွေးကောက်ပွဲသည် သူ၏မိခင် ကြုံတွေ့နေရသည့် အခက်အခဲများကို လျှော့ချပေးနိုင်မည့် အခွင့်အလမ်း ဖြစ်နိုင် ကြောင်း ၎င်းက ပြောဆိုခဲ့သော်လည်း၊ နိုင်ငံခြားအစိုးရ အများအပြားကမူ အဆိုပါ ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းသည့် ဟန်ပြသက်သက်သာ ဖြစ်သည်ဟု ပယ်ချထားကြသည်။

ရွေးကောက်ပွဲ မတိုင်မီ ဝေဖန်ကန့်ကွက်မှုများကို လျှော့ချရန်အတွက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်း သို့မဟုတ် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပေးခြင်းများ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ကိုကင်မ်အဲရစ်က ပြောကြားခဲ့သည်။

(ဓာတ်ပုံအညွှန်း – မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုကင်မ်အဲရစ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုကျိုမြို့ရှိ ဂျပန်အမျိုးသားသတင်းစာဆရာများအသင်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စကားပြောကြားနေစဉ် – Eugene Hoshiko/AP)

စစ်ကောင်စီကမူ ကိုကင်မ်အဲရစ်ကို ရွေးကောက်ပွဲကို နှောင့်ယှက်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲသည် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မသမာမှု လုပ်ဆောင်သည်ဟု စွပ်စွဲခဲ့သည့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ဖြစ်သည်။

“ ဒါဟာ မကြာမီ ကျင်းပတော့မယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဖို့အတွက် အချိန်ကိုက် ဖြန့်ဝေထားတဲ့ လုပ်ကြံဖန်တီးချက်သက်သက်သာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေးပါတီဖြစ်သော်လည်း လက်ရှိတွင် ဖျက်သိမ်းခံထားရဆဲဖြစ်ပြီး အခြားသော စစ်ကောင်စီဆန့်ကျင်ရေး နိုင်ငံရေးအဖွဲ့အစည်း အများအပြားကလည်း အဆိုပါ ရွေးကောက်ပွဲကို သပိတ်မှောက်ထားကြသည်။

နိုင်ငံတော်အစိုးရအကြံပေးဘဝက ‌ဒေါ်အောင်ဆန်းစုကြည် (ပုံ)

(ဓာတ်ပုံ) – မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုကင်မ်အဲရစ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုကျိုမြို့ရှိ ဂျပန်အမျိုးသားသတင်းစာဆရာများအသင်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စကားပြောကြားနေစဉ် – Eugene Hoshiko/AP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 43 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 35 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ