ဒီဇင်ဘာလ (၁၉)ရက်။
ဒီကနေ့ကစပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့အထိ အရေးကြီးကာလအနေနဲ့ ကရင်နီပြည်တပ်မတော်(KA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးချက်ထုတ်ပြန်ထားတယ်လို သိရပါတယ်။
KA စစ်ဦးစီးချုပ်က အဲ့ဒီကာလကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ထားတာကို ကရင်နီပြည်သူ၊ ကရင်နီပြည်နယ် တပ်ပေါင်းစုံတပ်ဖွဲဝင်တွေနဲ့ ကရင်နီလူမှုအဖွဲတွေ သိစေဖို ဆိုထားပါတယ်။
ထုတ်ပြန်ချက်ထဲ ခရစ္စမတ်ချိန်ခါ နှစ်သစ်ကူးကာလဖြစ်နေချိန်မှာ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာ၊ နေထိုင်သွားလာတာနဲ့ ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ကြဖို သတိပေးထားပါတယ်။
“ ရန်သူကလဲ သူ့အလုပ်သူလုပ်နေတယ်။ မိမိတိုလဲ သတိကြီးစွာ နေထိုင်သွားလာရမယ်။ မိမိတိုအလုပ် မိမိတိုလုပ်ရမယ်။ (မူဆိုမီးရှိသတ်ဖြတ်မှုကြီး)လို မဖြစ်စေဖို သတိပေးပါတယ်” လို စစ်ဦးစီးချုပ်က ပြောဆိုထားပါတယ်။
နောက်ပြီး စစ်တပ်ဘက်က တော်လှန်ရေးတပ်တွေရဲ့ အားနည်းချက်ကိုယူပြီး ၁၉၈၅ခုနှစ်ကနေ ဒီကနေ့အထိ ခရစ္စမတ်အချိန်နဲ့ နှစ်သစ်အချိန်မှာ သတ်ဖြတ်မှု၊ ရာဇဝတ်မှု၊ ယုတ်မာမှုတွေ ပြုလုပ်နေတယ်လို ဖော်ပြထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးသက်တမ်း (၅၀)ကျော်ခရီးမှာ နိုင်ငံရေးလိမ်လည်မှုကြီးတွေ တွေ့ကြုံရပြီး လာမယ့် ဒီဇင်ဘာလ (၂၈)ရက်နေ့မှာလဲ ထပ်မံပြုလုပ်ကြမှာဖြစ်သလို လွိင်ကော်မြိုတွင်း/မြိုပြင်ရှိ လူထုအနေနဲ့ သတိထားဖို နှိးဆော်ထားပါတယ်။
“ ကရင်နီပြည်သူက ဒီတခါနဲ့ဆိုရင် မိအေး (၄)ခါနာသွားပြီး အဆုံးစွန်ရောက်သွားပြီ၊ ဆင်လိုက်ရှာတယ်၊ အကောင်တွေ့ပြီပဲ ဆင်ကောင် မမြင်မတွေ့ယောင်ဆောင်ပြီး ဆင်ခြေရာလိုက်ရှာဦးမှာလား” လို စစ်ဦးစီးချုပ်က မေးခွန်းထုတ်ထားပါတယ်။
ဒါ့ကြောင့် အာဏာရှင်တွေ ကျဆုံးဖို တော်လှန်ရေးမှာ ပါဝင်အားဖြည့်ဖိုလိုတယ်လို သတိပေးထားချက်အရ သိရပါတယ်။








