နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရထားသံလမ်းဖြတ်ကူးသည့် ဆင် ၇ ကောင်အား အမြန်ရထားတိုက်မိ၍ သေဆုံး

CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်

ဂူဝါဟာတီ၊ အိန္ဒိယနိုင်ငံ (AP)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် စနေနေ့အစောပိုင်းက ရထားသံလမ်းကို ဖြတ်ကူးနေသည့် ဆင်အုပ်အား အရှိန်ပြင်းစွာ မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စီးက တိုက်မိခဲ့ရာ အာရှတောဆင်ရိုင်း ၇ ကောင် သေဆုံးပြီး ဆင်ပေါက်တစ်ကောင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားခဲ့သည်။

ရထားမောင်းသူသည် ဆင်အကောင်ရေ ၁၀၀ ခန့်ရှိသည့် ဆင်အုပ်ကြီးကို မြင်တွေ့ခဲ့သဖြင့် အရေးပေါ်ဘရိတ်ကို အသုံးပြုခဲ့သော်လည်း ရထားမှာ ဆင်အချို့ကို တိုက်မိသွားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမီးရထား ပြောရေးဆိုခွင့်ရှိသူ ကာပင်ဂျယ် ကီရှော ရှာမား (Kapinjal Kishore Sharma) က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

တိုက်မိမှုကြောင့် ရထားတွဲ ၅ တွဲနှင့် စက်ခေါင်းတို့မှာ လမ်းချော်သွားခဲ့သော်လည်း လူသေဆုံးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း ရှာမားက ဆိုသည်။ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် သေဆုံးသွားသော ဆင်များကို ခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး ယနေ့နှောင်းပိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်သွားမည်ဖြစ်သည်။

မတော်တဆမှုဖြစ်ပွားရာနေရာမှာ အာသံပြည်နယ်၏မြို့တော် ဂူဝါဟာတီ (Guwahati) ၏ အရှေ့တောင်ဘက် ၁၂၅ ကီလိုမီတာ (၇၈ မိုင်) ခန့်အကွာရှိ တောအုပ်ထူထပ်သော ဒေသတစ်ခုဖြစ်သည်။ ပြည်နယ်အတွင်းရှိ ရထားလမ်းများပေါ်တွင် ဆင်များ မကြာခဏ သွားလာတတ်သော်လည်း အဆိုပါ မတော်တဆမှုဖြစ်ပွားသည့်နေရာမှာ ဆင်ကူးလမ်းအဖြစ် သတ်မှတ်ထားသော နေရာမဟုတ်ကြောင်း အိန္ဒိယမီးရထားဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မီဇိုရမ်ပြည်နယ်၊ ဆိုင်းရန်း (Sairang) မြို့မှ ထွက်ခွာလာသော ရာဇဌာနီ အိတ်စ်ပရက်စ် (Rajdhani Express) အမြန်ရထားသည် မြို့တော် နယူးဒေလီသို့ ခရီးသည် ၆၅၀ တင်ဆောင်ကာ ဦးတည်မောင်းနှင်နေစဉ် ဆင်များကို တိုက်မိခဲ့ခြင်းဖြစ်သည်။

“လမ်းချော်မသွားတဲ့ ရထားတွဲတွေကို ဖြုတ်ထုတ်ပြီး နယူးဒေလီကို ဆက်လက်ထွက်ခွာ နိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ လမ်းချော်သွားတဲ့ ရထားတွဲ ၅ တွဲမှာ ပါလာတဲ့ ခရီးသည် ၂၀၀ ခန့်ကိုတော့ တခြားရထားတစ်စီးနဲ့ ဂူဝါဟာတီမြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ရှာမားက ပြောသည်။

အာရှတောဆင်ရိုင်း အကောင်ရေ ၇,၀၀၀ ခန့်ရှိပြီး ဆင်အများဆုံး နေထိုင်ရာဒေသတစ်ခု ဖြစ်သည့် အာသံပြည်နယ်တွင် အရှိန်ပြင်းမောင်းနှင်သော ရထားများက ဆင်ရိုင်းများကို တိုက်မိခြင်းမှာ ထူးဆန်းသောဖြစ်ရပ် မဟုတ်ပေ။ ၂၀၂၀ ပြည့်နှစ်မှစတင်ကာ တစ်ပြည်နယ် လုံး အတိုင်းအတာဖြင့် အရှိန်ပြင်းရထားများကြောင့် အနည်းဆုံး ဆင် ၁၂ ကောင်ခန့် သေဆုံးခဲ့ရသည်။

စပါးရိတ်သိမ်းချိန်ဖြစ်သည့် ယခုကဲ့သို့ ကာလမျိုးတွင် တောဆင်ရိုင်းများသည် လူနေရပ်ကွက်များအတွင်းသို့ မကြာခဏ ကျူးကျော်ဝင်ရောက်လာလေ့ ရှိကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 73 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 73 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 64 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 65 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 66 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 63 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 42 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ