ဒီဇင်ဘာလ (၂၆)ရက်။
မနေ့က ည (၁၀)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန် မှော်ဘီမြို့ရှိ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အဲ့ဒီပါတီရုံးမှာ ရုံးစောင့်တွေနဲ့ ပျူစောထီးတွေ အရပ်ဝိုင်းဖွဲ့သောက်နေတဲ့အချိန် မိုင်း(၂)လုံး၊ လက်ပစ်ဗုံး (၁)လုံးနဲ့ တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
မှော်ဘီမြို့နယ်ရှိ PPP ရုံးမှာ ရုံးစောင့်ပါတီဝင်တွေနဲ့ ပျူစောထီးတွေ အရက်ဝိုင်းဖွဲ့သောက်နေချိန် ပြင်းအားမြင့်မိုင်း (၂)လုံး၊ လက်ပစ်ဗုံး (၁)လုံးတို့နဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
PPP ပါတီဟာ စစ်တပ်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်လုပ်ဆောင်နေတာဖြစ်ပြီး အနောက်ပိုင်းခရိုင်ပကဖနဲ့ Yangon Army(YA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
အခုလို PPP ရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိခိုက်တဲ့အခြေအနေကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
ဒါ့အပြင် စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ်မှတ်တွေနဲ့ တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို ဆက်လက်ပြီး အပြင်းအထန် တိုက်ခိုက်သွားမယ်လို့ အသိပေးထားချက်ရ သိရပါတယ်။








