နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ဟားခါးမြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ဒီဇင်ဘာလ (၂၆)ရက်။

ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ချင်းပြည်နယ် ဟားခါးမြို့မှာ ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသထံသတင်းတွေထံက သိရပါတယ်။

“ ဒီကနေ့ အစောပိုင်း (၆)နာရီလောက်ကထဲက ဟားခါးမြို့အနီးက နေရာ (၃)ခုလောက်မှာ တိုက်ပွဲပြင်းထန်နေတာ။ စစ်တပ်ရဲ့ ရုန်းတောင်ပေါ်စခန်းလဲ မီးလောင်နေတာ တွေ့ရတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်နဲ့ စစ်တပ်တို့ဟာ ဟားခါးမြိုအနီး နေရာ (၃)ခုမှာ တိုက်ပွဲတွေပြင်းထန်နေသလို စစ်တပ်ရဲ့ ရုန်းတောင်ပေါ်စခန်းလဲ မီးလောင်နေတာကို ဒေသထဲသတင်းတွေက ရုပ်သံဖိုင်နဲ့ ဖော်ပြထားကြပါတယ်။

နောက်ပြီး စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ (၂)ရက်အလိုမှာပဲ ဟားခါးမြို့ပေါ်ရှိ ခလရ(၂၆၆)တပ်ကုန်းကို CDF-Hakha က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်တပ်က ‌ဟားခါးတပ်ကုန်းနဲ့ ချင်းကာကွယ်ရေးတပ်တွေရှိနိုင်တဲ့ နေရာအချို့ကို လေကြောင်းကနေ (၃)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အခုလို ဟားခါးမြို့ပေါ်က စစ်တပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး CDF-Hakha ကတော့ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

ဒါ့အပြင် ဟားခါးမြို့နေပြည်သူတွေအနေနဲ့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲနေ့မှာ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ဆင်နွှဲကာ စစ်တပ်ရဲ့ အတုအ‌ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနက်ဖြန် ဒီဇင်ဘာလ (၂၇)ရက်နေ့ကစပြီး ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ရန်ကုန်ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲသူဆိုပြီး သားအမိ(၂)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 11 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲခဲ့သူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ မြို့နယ်တွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 11 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ ပါဝင်တဲ့ မြို့နယ်တွေစာရင်းကို စစ်တပ်က ‌မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မြို့နယ် (၆၃)မြို့ ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရန်ကုန် မှော်ဘီမြို့ရှိ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 11 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနေ့က ည (၁၀)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန် မှော်ဘီမြို့ရှိ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီပါတီရုံးမှာ ရုံးစောင့်တွေနဲ့ ပျူစောထီးတွေ အရပ်ဝိုင်းဖွဲ့သောက်နေတဲ့အချိန်
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ NLD ထုတ်ပယ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 31 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ NLD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLD ပါတီရဲ့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရသူတွေဟာ ကရင်ပြည်နယ်က (၂)ဦး၊
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ မဲလက်မှတ်တွေဟာ သွေးစွန်းတဲ့မဲပြားတွေအနေနဲ့ သမိုင်းဆိုးတွင်မှာသာဖြစ်တယ်လို့ KSIP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 43 Views
ဒီဇင်ဘာလ (၂၅)ရက်။ အကြမ်းဖက်စစ်တပ်ဟာ မကြာမီ အတုအယောင်ရွေးကောက်ပွဲအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေပြဋ္ဌာန်းပြီး လူထုကို အကြောက်တရားသွင်းကာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကရင်နီပြည် ကြားကာလလွှတ်တော်(KSIP)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီလိုဖိနှိပ်ချုပ်ချယ်ဖို့နဲ့ အကြမ်းဖက်လုပ်ငန်းတွေကို မီးကုန်ယမ်းကုန် အသုံးပြုပြီး
မြန်မာသတင်း

ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 47 Views
ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ ဒီဇင်ဘာလ (၂၅)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့က ရေတာရှည်မြို့နယ် စစ်တပ်အထိုင်ချပြ မဲရုံဆောက်နေတဲ့ ကျေးရွာတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်မယ်လို့ စလင်းပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 34 Views
ဒီဇင်ဘာလ (၂၅)ရက်။ စလင်းမြို့နယ်၊ ဆင်ဖြုကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်သွားမယ်လို့ စလင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဆင်ဖြူကျွန်းမြို့နေ ပြည်သူတွေအနေနဲ့ ဒီကနေ့ နံနက် (၈)နာရီအချိန်ကနေ ညနေ (၆)နာရီထဲ