နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင် ထုတ်ပြန်

ဒီဇင်ဘာလ (၂၆)ရက်။

မနက်ဖြန် ဒီဇင်ဘာလ (၂၇)ရက်နေ့ကစပြီး ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ရန်ကုန်ရှိ ကိုကိုကျွန်းကလွဲပြီး မြို့နယ် (၄၄)မြို့မှာ နံနက် (၁)နာရီကနေ (၃)နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကို ရုတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ အခုအခါ ရန်ကုန်တိုင်းထဲ နယ်မြေဒေသ တည်ငြိမ်အေးချမ်းတာ ပိုမိုတိုးတက်ကောင်းမွန်လာတာကြောင့် ညမထွက်ရအမိန့်ကို ရုတ်သိမ်းတာလို့ ဖော်ပြထားပါတယ်။

အခုလို ညမထွက်ရအမိန့် ရုတ်သိမ်းတာဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပဖို့ (၂)ရက်အလိုမှာ ထုတ်ပြန်လာတာဖြစ်သလို လာမယ့် နှစ်သစ်ကူးညအတွက်ကိုပါ ရည်ရွယ်တာဖြစ်နိုင်တယ်လို့ မြို့နေပြည်သူတွေက ပြောဆိုနေကြပါတယ်။

“ စကမက ဥပဒေကို ထုတ်ပြန်ချင်သလို ထုတ်ပြန်နေတာ။ အဲ့ဒီတော့ ညမထွက်ရအမိန့်ဆိုတာကလဲ သူတို့အပေါ်ပဲမူတည်တယ်။ ၂၀၂၄ နှစ်ကုန်တုန်းကလဲ နှစ်သစ်ကူးညအတွက်ဆိုပြီး တည ရုတ်သိမ်းလိုက်သေးတယ်။ ပြီးတော့ အဲ့ဒီညမှာ ပေါ်တာဆွဲတာတွေလဲရှိတယ်” လို့ မြို့နေပြည်သူတဦးက ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နှစ်သစ်ကူးညမှာလဲ ညမထွက်ရအမိန့်ကို တညတာအတွက် ရုတ်သိမ်းခဲ့ပြီး ညအချိန်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ တော်လှန်ရေးတပ်စခန်းတခု ဗုံးကြဲခံရပြီး (၁၀)ဦးကျော် ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က ဆားလင်းကြီးနယ် ဖိုဝင်တောင်အနီးရှိ တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က စက်တပ်လေထီး (၃)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါးကို ပြန်ရဖို့ မြေးဖြစ်သူ မျှော်လင့်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓါးကို ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်လို့ မြေးဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ်မှာ
မြန်မာသတင်း

ကျောက်တော်နဲ့ မြောက်ဦးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က တရက်ထဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မနေ့က ည (၉)နာရီကျော်အချိန်က ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေကို FPV Suicide Drone တွေ
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၀၉)ကြိမ်အထိ ရှိခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၁၂၇)ဦး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဝက်လက်နယ်ထဲ လုပ်ကြံသတ်ဖြတ်မှုတွေကို NUG အနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၈)ရက်က ကျောင်းသားရဲဘော် မြင့်မြတ်ဦး၊ ၂၀၂၅ခုနှစ် မေလ (၂၄)ရက်က မြို့နယ်ပအဖရုံးအဖွဲ့
မြန်မာသတင်း

ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်လောက်မှာ
မြန်မာသတင်း

ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေး တဦးကို ငွေကျပ်(၂)သိန်းနှုန်း ကောက်ခံ၊ မပေးရင် စစ်တပ်ခေါ်ပြီး ထုထောင်းခိုင်းမယ်လို့ ကြိမ်းမောင်းနေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေးဆိုပြီး စစ်တပ်လက်ပါးစေတွေက တဦးကို ကျပ်(၂)သိန်းနှုန်းနဲ့ ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းမြို့ထွေအုပ်ရုံးက ဗိုလ်မှူးဆိုသူရဲ့ မြှောက်ပေးတာနဲ့ ရွှေပျောက်ရွာအုပ်ကြီး သဲမောင်က စစ်မှုထမ်းဖို့ အကျုံး‌ဝင်သူတွေကို