ဇန်နဝါရီလ (၁)ရက်။
အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၁၁၀)ဦးကို NUG က ဒီကနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီကနေ့ကျရောက်တဲ့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး လူသားစာနာမှုကို အလေးထားတာကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့် ပေးတာလို့ ဆိုပါတယ်။
ဒါ့ကြောင့် အကျဉ်းသား/သူ (၁၁၀)ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းမသတ်မှတ်ထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးတာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လွတ်ငြိမ်းခွင့်မှာ အကျုံးမဝင်တဲ့ ကျန်တဲ့ အကျဉ်းသား/အကျဉ်းသူတွေကို သူတို့ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ (၃)ပုံ (၁)ပုံကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ နှစ်သစ်ကူးနေ့ကလဲ အကျဉ်းသား (၁၆၉)ဦးကို NUG က ပြန်လွှတ်ပေးခဲ့ပြီး မြို့နယ်အဆင့်ကနေ အဆင့်ဆင့် စာရင်းပြုစုကာ လွတ်ငြိမ်းခွင့်ပြုတာလို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။








