စစ်ကောင်စီရဲ့ ကုန်စည်တွေကို တင်ဆောင်လာတဲ့ ကုန်ရထားတစီးဟာ ယနေ့ နံနက် ၈ နာရီ ၂၀ အချိန်က မွန်ပြည်နယ် သထုံမြို့နယ် ဂေါကျေးရွာ ကွင်းကူးတိုးဂိတ် အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။
အဆိုပါ ရထားသည် ပေါင် မြို့နယ် သဲဖြူကုန်းရွာ မှ ပဲခူးမြို့ကို အသွား မိုင်တိုင် ၁၄၁ အနီး ဂေ့ါကျေးရွာနား အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် ရထားလမ်း ပျက်စီးခဲ့ပြီး စစ်ကောင်စီက ရထားလမ်းကို ပိတ်ထားလိုက်ကြောင်းသိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံသည့် ရထားသည် အများပြည်သူ အသုံးပြုစီးနင်းသည့် ရထားမဟုတ်ဘဲ စစ်တပ်၏ ကုန်စည်များ စစ်တပ်လုပ်ငန်းများအတွက် အဓိက အသုံးပြုနေသည့် ရထားဖြစ်ကြောင်း သိရသည်။
MoeZ / Era’sEyes