ဇန်နဝါရီလ (၈)ရက်။
ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်က မြိုင်နယ်ထဲရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။
“ (၆)နာရီ (၄)မိနစ်က မန်ကျည်းကန်နဲ့ ညောင်ကုန်းရွာကြားက တောတိုက်ထဲတနေရာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ လာတိုက်ခိုက်သွားတာ။ လူထိခိုက်တာတော့ မရှိဘူး” လို့ ဆိုပါတယ်။
စစ်တပ်က မန်ကျည်းကန်ရွာနဲ့ ညောင်ကုန်းရွာကြားရှိ တောတိုက်တနေရာကို ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်တာမရှိဘူးလို့ ဖော်ပြထားပါတယ်။
နောက်ပြီး နေ့လယ် (၁)နာရီ (၅၂)မိနစ်အချိန်ကလဲ မန်ကျည်းကန်ရွာမြောက်ပိုင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အရပ်သားနေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ (၆)ရက်နေ့ ညပိုင်းအချိန်က မြိုင်မြို့နယ် ကြက်မောက်ရွာထဲကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ (၁၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အခုရက်ပိုင်းထဲ စစ်တပ်က မြိုင်မြို့နယ်ထဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုပြုလုပ်နေတာကြောင့် ပြည်သူတွေ အထူးဂရုစိုက်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။









