စစ်ကောင်စီ က ယနေ့ ဇန်နဝါရီ (၄)ရက် လွတ်လပ်ရေးနေ့ တွင် အကျဉ်းသား ၂၀၀၀ နီးပါး ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ ထို့သို့လွှတ်ပေးရာတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရသည့် စာရေးဆရာမ ပရိဟိတ လုပ်ငန်းများ ပြည်သူ့အကျိုးဆောင်ရွက်သူ ဆရာမ ဒေါ်သန်းမြင့်အောင် နှင့် သာသာနာရေးဝန်ကြီး သူရဦးအောင်ကိုတို့ကိုလည်း ယနေ့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ဆရာမအနေဖြင့် ရရှိခဲ့သည့် ဆုများမှာ ၂၀၁၄ ခုနစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆု၊ အထက်မြန်မာပြည်မှ ချီးမြှင့် သည့် ရွှေပရဟိတ စာပေဆု၊ ထန်းရိပ်ညို စာပေဆု၊ မေတ္တာရှင် ရွှေပြည်သာ၏ ပရဟိတ စံပြဆု၊ အမျိုးသား စာပေဆုတို့ကို ရရှိခဲ့ပြီးဖြစ်သည်။ ယခုကဲ့သို့ လွှတ်ပေးသည့် အထဲတွင် အခြား နိုင်ငံရေးအကျဉ်းသားမည်မျှ ပါဝင်သည်ကို မသိရသေးပေ။
MoeZ/Era’sEyes