ဇန်နဝါရီလ (၂၆)ရက်။
မနေ့က ည (၁၁)နာရီကျော်အချိန်က ရန်ကုန် လှိုင်သာယာမြို့(အနောက်ပိုင်း)ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံးကို (၄၀)မမနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အဲ့ဒီရွေးကောက်ပွဲကော်မရှင်ရုံးက ပြည်သူတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ ရှိနေတာနဲ့ တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ်မပြုတာကြောင့် တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ မြို့နယ်ရွေး/ကော်ရုံးဟာ ပြည်သူတွေကို အတင်းအကြပ် ခြိမ်းခြောက် မဲထည့်ခိုင်းတာနဲ့ တရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတာတို့ကြောင့် မြို့ပြအထူးစစ်ဆင်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး ပြည်သူတွေကို မတရားပြုလုပ်ဖို့ ကြံစည်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စီးပွားရေးပိုင်ဆိုင်တာတွေအပြင် ပတ်သက်ဆက်နွယ်တာတွေကို စစ်ရေးပစ်မှတ်အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းကာ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်မယ်လို့ အသိပေးထားပါတယ်။
အခုစစ်ဆင်ရေးမှာ လုံခြုံရေးတင်းကြပ်တာတွေကနေ အန္တရာယ်ကင်းနိုင်ဖို့ အချက်အလက်နဲ့ လမ်းညွှန်မှု ပူးပေါင်းပါဝင်သူတွေကို ကျေးဇူးတင်ရှိကာ စစ်ဆင်ရေးတွေ ပြန်လည်ဖော်ဆောင်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိထားသွားလာဖို့ သတိပေးထားတယ်လို့ သိရပါတယ်။








