နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

အထက်မင်းလှမြို့မှာ စစ်တပ်ရဲ့ ရဲစခန်းနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

ဖေဖော်ဝါရီလ (၄)ရက်။

အထက်မင်းလှမြို့ စစ်တပ်ရဲ့ ရေနံမရဲစခန်းနဲ့ သရက်-မင်းလှလမ်းပေါ်မှာ လှည့်လည်နေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇန်နဝါရီလ (၂၉)ရက်နေ့ ဘဲ (၇)နာရီအချိန်က အထက်မင်းလှမြို့ ရေနံမရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ညတွင်းချင်း ဆေးရုံပို့ရတဲ့အထိ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သတင်းရရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ (၃)ရက်နေ့ နေ့လယ် (၃) နာရီခန့်က သရက်-မင်းလှ လမ်းပေါ်ရှိ ဇီးတောရွာနဲ့ မင်းဂံရွာကြား ဘွဲ့ကျေးရွာလမ်းပေါက်မှာ ရပ်နားနေတဲ့ အင်အား (၉၀)ခန့်ပါ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ကား (၃)စီးနဲ့ လင်းကယ်တိုက်နယ်တဝိုက်မှာ ၃ ရက်တာ စစ်ကြောင်းထိုးလှည့်လည်နေတာဖြစ်ပြီး အနီးကပ်တိုက်ခိုက်ခဲ့ရာ မိနစ်အနည်းငယ်ခန့် အသာစီးရယူပစ်ခတ်နိုင်ခဲ့ကာ (၅)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး မနေ့က နံနက် (၉)နာရီ (၁၅)မိနစ်ခန့်မှာ ဒဟတ်ပင် ရေနံမြေထဲရှိ ကွန်းသွန်းရွာ လမ်းပေါက်‌မှာ ဇီးတောရွာဘက်က ထွက်လာတဲ့ ကား(၃)စီးနဲ့ စစ်ကြောင်းကို အသင့်စောင့် ကြိုတိုက်ခိုက်ခဲ့ကာ ကားတစီး ပစ်ကွင်းထဲ ထိုးရပ်သွားပြီး ပြန်လည်ပစ်ခတ် နိုင်တာ မရှိတော့ဘဲ ချေမှုန်းလိုက်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ရှေ့ကားတွေကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ တရစပ် ပြန်လည် ပစ်ကူလာတာကြောင့် လက်နက်ခဲယမ်းတွေ မသိမ်းဆည်းနိုင်ခဲ့ပေမယ့် အကြမ်းဖက် စစ်အုပ်စု တပ်ဖွဲ့၀င် အနည်းဆုံး (၁၅)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီပစ်ခတ်တာတွေပြီးနောက် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့၀င်တွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာမှာ အချက်ပေါင်းများစွာ ပစ်ခတ်ရင်း ကျန်ရစ် ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ဆင်ရေးဟာ အသင့်စောင့်ကြိုပြီး လက်ဦးမှုယူ တိုက်ခိုက်ခဲ့တဲ့ ပြောက်ကျား စစ်ဆင်ရေးတွေ ဖြစ်တာကြောင့် USBA တပ်ဖွဲ့၀င်တွေ အထိခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် (၂)ဦး သေဆုံးပြီး (၆)ဦးထက်မနဲ ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa
မြန်မာသတင်း

ဖလမ်းမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဆိုပြီး ပြဋ္ဌာန်းလာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 32 Views
တပ်ချုပ်ရာထူး စွန့်လွှတ်စရာမလိုဘဲ အာဏာဆက်လက်ချုပ်ကိုင်နိုင်ဖို့လို့ဆို ဖေဖော်ဝါရီလ (၄)ရက်။ ယာယီသမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို မနေ့ကရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတိုင်ပင်ခံကောင်စီကို အစိုးရအဖွဲ့ဖွဲ့ပြီးနောက် သမ္မတဆိုသူက သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင်
မြန်မာသတင်း

ကျောင်းသားတပ်တော်(SRF)နဲ့ NUG တို့ တွေ့ဆုံပြီး နှစ်ဖက်တပ်တွေ ဆုတ်ခွာဖို့ သဘောတူခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)နဲ့ NUG တို့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ဒေသခံတွေရဲ့ တောင်းဆိုမှုနဲ့ ကျနော်တို့ SRF နဲ့ NUG/MOD ရဲ့ ခရိုင်ကွပ်ကဲရေးမှူးနဲ့အဖွဲ့တွေ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။
မြန်မာသတင်း

စစ်ကိုင်းမှာ ပေါ်တာလာဆွဲတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 46 Views
ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က မန္တလေး-မုံရွာ-ရွှေဘိုလမ်းမှာ ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့ စစ်ကော်မရှင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မန်းလေး-မုံရွာ-ရွှေဘိုလမ်းနဲ့ စစ်ကိုင်းခရိုင်ချင်းဆက်လမ်းဆုံက တင်းတိပ်ဆီဆိုင်ကွေ့မှာ ပေါ်တာဆွဲ ဖမ်းဆီးဖို့လာတဲ့ စခတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီမှာ
မြန်မာသတင်း

KNDF နဲ့ အင်းလေးPDF အပါအဝင် PDF (၂၄)ဦး အလင်းဝင်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 37 Views
အင်းလေးPDF တပ်ဖွဲ့ဝင်တဦးပါဝင်တယ်ဆိုတာ သတင်းအမှားလို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ KNDF နဲ့ အင်းလေးPDF အပါအဝင် PDF တပ်ဖွဲ့ဝင် (၂၄)ဦး ဥပဘောင်ထဲ ဝင်ရောက်လာတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့
မြန်မာသတင်း

နယ်မြေစိုးမိုးမှု စနစ်တကျတိုးချဲ့နေတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 40 Views
ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် စစ်တပ်စခန်း (၁၄)ခု တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ စစ်မျက်နှာအသီးသီးမှာ အကြမ်းဖက်စစ်အုပ်စုကို ထိုးနှက်တိုက်ခိုက်ပြီး နယ်မြေစိုးမိုးမှု စနစ်တကျ တိုးချဲ့နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကိုရောက်နေ၊ 

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 61 Views
မင်းအောင်လှိုင် ထွက်မတွေ့နိုင်ဘဲ လူမြင်ကွင်းကပျောက်တာ (၁)ပတ်အထိရှိလာ ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိလာခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး