ဒီအပတ် ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၃၃) ခေါင်းစဥ်ကတော့” အာဏာရူးနဲ့ငြိမ်းချမ်းရေး”ဖြစ်ပါတယ်။ ဒီနေ့ပြောမဲ့ အကြောင်းအရာ ကတော့ KNU ဥက္ကဋ္ဌစောကွယ်ထူးဝင်းကပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအား ကောင်းရေး လမ်းစဉ်ကို ချမှတ်ထားတယ်ဆိုခဲ့သလို၊ KIO ဥက္ကဋ္ဌ အင်ဘန်လှကလည်း ထိန်းချုပ်နယ်မြေတွေမှာ နိုင်ငံရေးနည်းလမ်းနဲ့ ခိုင်ခိုင်မာမာ ဖြစ်အောင်ကြိုးစား နေတယ်လို့ ဆိုခဲ့ပါတယ်၊ ရှမ်းတောင်က RCSS/SSPP ဥက္ကဋ္ဌ ဗိုလ်ချုပ်ယွတ်ဆစ် ကလည်း တိုင်းပြည်မဖွံ့ဖြိုးတာ ခေါင်းဆောင်တွေ အလယ်အလတ် လမ်းစဉ်တရားနဲ့ အဆက်ပြတ်လို့ဆိုပြီး ရှမ်းပြည်နယ်နေ့မှာ ပြောဆို လာခဲ့ ပါတယ်၊ ရှမ်းပြည်နယ်ထဲရှိ လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးစကားဝိုင်းလာဖို့ စစ်ခေါင်းဆောင် ဖိတ်ခေါ် ခဲ့သလို NUG ကလည်းရှမ်းပြည်နေ့မှာ သဝဏ်လွှာ ပေးပို့ပြီး ရှမ်းပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုမှုကို လေးစားထောက်ခံပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ဖြစ်ပေါ်လာရေးကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားခဲ့သလို တဆက်တည်း တရုတ်နိုင်ငံ ကလည်း မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးကို ပိုပြီးအာရုံစိုက်လာနိုင်ဖို့ နိုင်ငံရေးပါတီတွေကို တရုတ်က ကူညီ ပေး မယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပြန်ပါတယ်၊ မင်းအောင်လှိုင်ကလဲ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ ဆောင်ကြီးမှာ အရှက်ကင်းမဲ့တဲ့ မျက်နှာနဲ့ အတုအယောင် ဒေါက်တာဘွဲ့ တက်ဘွဲ့တက်ယူပြီးရန်ကုန် တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာကိုစော်ကားခဲ့ပါတယ်၊ ဒိပြောဆို ဆောင်ရွက် မှုတွေအပေါ်မှာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီ နေ့ ဖေဖော်ဝါရီ လ (၈)ရက် မြန်မာစံတော်ချိန်ည ၇နာရီခွဲ မှာ ခေတ်မျက်လုံးရဲ့ Era’s Eye YouTube Channel ကနေ LIVE ပြောကြား တင်ဆက် သွားမှာ ဖြစ်တာကြောင့် စောင့်မျှော် ကြည့်ရှု နိုင်ကြောင်းအသိပေးလိုက်ပါတယ်။
အောက်မှာဖော်ပြထားတဲ့ လင့်ကို ကလစ်လုပ်ပြီး အချိန်ရောက်လာတဲ့အခါ ကြည့်ရှု အားပေး နိုင်ပါတယ်။
https://www.youtube.com/@eraseyechannel
ခေတ်မျက်လုံးအယ်ဒီအဖွဲ့








