ကေဗင်မက်ကာသီ (Kevin McCarthy) သည် အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် အောက်လွှတ်တော် ရီပတ်ဘလီကန်များသည် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ ရွေးပေးရန်ကိစ္စမှာ လမ်းဆုံလမ်းခွတွင် ရှိနေခဲ့သည်။ Kevin McCarthy သည် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေခြင်းကို အဆုံးသတ်ရန် ကွန်ဆာဗေးတစ်များက သူ့အားမဲပေးရန် အတွက်လုံလောက်စွာ ဆွဲဆောင်နိုင်ရန် စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌနေရာရွေးချယ်မှုတွင် အနှစ် (၁၀၀) အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အမေရိကန် နိုင်ငံရေး သမိုင်းတွင် မဖြစ်ဖူးသော အသစ်အဆန်းတစ်ခု ဖြစ်လာခဲ့သည်။ ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းသူသည် ပထမအကြိမ် မဲပေးပွဲတွင် အနိုင်ရခဲ့ခြင်း မရှိဘဲ ရီပတ်ဘလစ်ကန်ပါတီအတွင်း ခါးသီးသော အကွဲအပြဲများဖြင့် အကျပ်အတည်းကို နက်ရှိုင်းစေခဲ့သည်။
မက်ကာသီသည် ရီပတ်ဘလစ်ကန်များနှင့် ဒီမိုကရက်များ၏ ဖိအားများ ကြီးထွားလာနေသောကြောင့် သူ့အနေဖြင့် သူလိုအပ်နေသော ဆန္ဒမဲများကို ရယူရန် သို့မဟုတ် ရာထူးမှ နှုတ်ထွက်ရန် တခုခုဖြစ်မှသာ အောက်လွှတ်တော်ကို အပြည့်အဝ စတင်ဖွင့်နိုင်ပြီး အုပ်ချုပ်မှုလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်သည်။
သူ့ကိုနှောင့်ယှက် ဆန့်ကျင် နေသော သူ့ပါတီ၏ လက်ယျာအင်အားစုများက သူ့ကို နုတ်ထွက်သွားသည့်အထိ မည်မျှကြာကြာ စောင့်ဆိုင်းနေပုံ ပေါ်ပါသည်။ “ သဘောတူညီချက် မရှိသေးပါဘူး” ဟု မက်ကာသီက ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် အောက်လွှတ်တော်ကို ရုတ်တရတ် မရွှေ့ဆိုင်းမီ ပြောကြားခဲ့သည်။ “ ဒါပေမယ့် အများကြီး တိုးတက်မှုရှိတယ်” ဟု ပြောကြားခဲ့သည်။
ကွန်ဂရက်လွှတ်တော်၏ ထက်ဝက်ရှိသော အောက်လွှတ်တော်သည် မက်ကာသီ၏ ရာထူးရရှိရေး ကြိုးစားမှု မအောင်မြင်သောကြောင့် ရပ်နားနေရသည်။ အောက်လွှတ်တော်ဥက္ကဋ္ဌ ရာထူးကိုရရှိဖို့ အနိုင်ရရန် မဲတစ်မဲပြီးတစ်မဲ ရှုံးနိမ့်သွားသောကြောင့် ရပ်တန့်နေရသည်။ မဲများသည် တူညီသောရလဒ်ကို ထုတ်ပေးခဲ့ပြီး၊ ကွန်ဆာဗေးတစ်လက်ကျန် (၂၀) သည် သူ့ကိုထောက်ခံရန် ငြင်းဆန်ဆဲဖြစ်ပြီး အနိုင်ရရန်အတွက် ပုံမှန်လိုအပ်သော (၂၁၈) မဲရဖို့ အလှမ်းဝေးနေဆဲဖြစ်သည်။
Source: AP
ဓာတ်ပုံ။ AP