ဖေဖော်ဝါရီလ (၁၂)ရက်။
မနေ့က ည (၁၁)နာရီ (၄၃)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်လောက်မှာ ရွှေပေါက္ကံနယ်မြေရဲစခန်းကနေ ရဲခွေးတွေ အစာရှာထွက်ချိန် စခန်းအရှေ့တည့်တည့်မှာ ရှေ့ထွက်မိုင်းတလုံးနဲ့ တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေ အပြင်ထွက်လာချိန် ရဲစခန်းရှေ့တည့်တည့်မှာ တော်လှန်ရေးရဲဘော်တွေက ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲတွေကို တော်လှန်ရေးရဲဘော်တွေက ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် ထိခိုက်တဲ့အခြေအနေ အသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
အဲ့ဒီစစ်ကောင်စီရဲတွေကို Yangon Army(YA)နဲ့ ရန်ကုန်တိုင်း(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့(၇)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေ၊ တရားမဝင်ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရဆိုသူတွေကို အပြင်းအထန် ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။








