ဖေဖော်ဝါရီလ (၁၂)ရက်။
ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၈)ရက်က ကျောင်းသားရဲဘော် မြင့်မြတ်ဦး၊ ၂၀၂၅ခုနှစ် မေလ (၂၄)ရက်က မြို့နယ်ပအဖရုံးအဖွဲ့ ကိုမျိုးအောင်ကို၊ စက်တင်ဘာလ (၁၂)ရက်က ကျီးကန်ရွာပအဖ ဦးမင်းသန့်၊ ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၂၂)ရက်က ကျီးကန်ရွာ လမ်းကော်မတီဝင် ပွဲစားအီစွပ်နဲ့ ဒီကနေ့ ရွာသာရွာက ပြည်သူ(၂)ဦးတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလို လုပ်ကြံသတ်ဖြတ်ခံရတာတွေနဲ့ပတ်သက်ပြီး ဝက်လက်နယ် ထိန်းချုပ်နယ်မြေက ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်နေထိုင်မှုများစွာနဲ့ နေထိုင်ပြုမူနေရတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး NUG ပြည်ထဲရေးအနေနဲ့ အဲ့ဒီကိစ္စတွေကို အဲ့ဒီအမှုကိစ္စတွေကို သတင်းမရရှိတာလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလားဆိုပြီး မေးခွန်းထုတ်ထားပါတယ်။
ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေကို အမှုလိုက်စစ်ဆေးတာ၊ ဖမ်းဆီးစစ်ကြောတာနဲ့ ကောင်းစွာ အရေးယူတာတွေမရှိရင် လုပ်ကြံသတ်ဖြတ်တာတွေ ဆတိုးပေါ်လာလိမ့်မယ်လို့ ထည့်သွင်းထားပါတယ်။
ဒါ့ကြောင့် NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ လုပ်ကြံသတ်ဖြတ်မှုကိစ္စတွေကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းဖို့ သဘောထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။








