နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါးကို ပြန်ရဖို့ မြေးဖြစ်သူ မျှော်လင့်

ဖေဖော်ဝါရီလ (၁၃)ရက်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓါးကို ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်လို့ မြေးဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။

“ မြန်မာနိုင်ငံမှာ မေမေနဲ့ နေထိုင်ခဲ့ချိန်က ဖိုးဖိုးရဲ့ ကတ်တနာ(ဓါး)ကို စောင့်ရှောက်ခွင့်ရခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်အတွက် အမြဲတမ်း အဓိပ္ပါယ်နက်နက်ရှိုင်းရှိုင်းရှိပါတယ်။ ဖိုးဖိုးရဲ့ အမွေအနှစ်နဲ့ သူပုံဖော်ပေးခဲ့တဲ့ သမိုင်းရဲ့ သင်္ကေတတခုအနေနဲ့ တနေ့မှာ ဒီဓါးကို ပြန်ရမယ်လို့ မျှော်လင့်ပါတယ်” လို့ သူက လူမှုကွန်ရက်ကနေတဆင့် ဆိုပါတယ်။

နောက်ပြီး ဒီကနေ့ ကလေးတွေဟာ အကြမ်းဖက်မှုနဲ့ မလုံခြုံမှုတွေ ခံစားနေရပြီး အဖိုးဖြစ်သူရဲ့ ရည်ရွယ်မျှော်မှန်းချက်ကို ဆက်လက်တာဝန်ယူ ‌အကောင်အထည်ဖော်ရမယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီဓါးဟာ (၁၉၄၁)ခုနှစ်က မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ တပ်မှူးအနေနဲ့ ခန့်အပ်ခံရတဲ့ ဂျပန်တပ်မဟာ (၁၅)ရဲ့ ဗိုလ်ချုပ်ကြီး Shojiro Lida ဆီကနေ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုပေးအပ်ခဲ့တာပါ။

အရှည် ၆၉.၁ စင်တီမီတာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပိုင်ဆိုင်တဲ့ ဓါးဟာ သံချေးတက်နေတာကြောင့် ပြန်လည်ပြုပြင်ဖို့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါကို အကူအညီတောင်းခံခဲ့ပါတယ်။

အဲ့ဒီနောက် ဆာဆာကာဝါက ဂျပန်နိုင်ငံကို ယူဆောင်ပြီး နာမည်ကျော် ဂျပန်လူမျိုး ဓါးပြုပြင်ထိန်းသိမ်းရေးပညာရှင် မစ္စတာ ယိုကိုယာမထံ အပ်နှံကာ (၈)လကြာ ပြုပြင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ဆာဆာကာဝါဟာ သမိုင်းဝင် ဓါးကို ပြန်လည်ပြုပြင်ပြီး ပြန်လည်ပေးအပ်မယ့်အချိန်က စစ်တပ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရအဖွဲ့‌ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးခံရချိန်ဖြစ်နေတာပါ။

ဒါ့ကြောင့် အဲ့ဒီသမိုင်းဝင် ဓါးဟာ ဒီကနေ့အထိ ပိုင်ရှင်ထံ ပြန်လည်မရောက်ရှိသေးဘဲ ဆာဆာကာဝါထံမှာသာ ရှိနေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 15 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ