ဖေဖော်ဝါရီလ (၁၄)ရက်။
စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ သူတို့ (၂)ဦးက အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၄၁၇)က အပတ်စဉ် (၁၇)ဆင်း ပြည်သူ့စစ် စစ်သည် (၂)ဦးပါ။ သူတို့က MDY-PDF ရဲ့ အထူးလှုပ်ရှားတပ်မဆီ ဖေဖော်ဝါရီလ (၉)ရက်က အလင်းဝင်လာတာ” လို့ ဆိုပါတယ်။
သူတို့ (၂)ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၄၁၇)က အပတ်စဉ်(၁၇) သင်တန်းဆင်း ပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်ကာ MDY-PDF ရဲ့ အထူးလှုပ်ရှားတပ်မဆီ အလင်းဝင်လာခဲ့တာလို့ ဖော်ပြထားပါတယ်။
MDY-PDF ထံ အလင်းဝင်လာတဲ့ ပြည်သူ့စစ် (၂)ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဝင်ရောက်လာတာဖြစ်ပြီး ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ကာ ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် အခုလ ပထမအပတ်ထဲ စစ်တပ်ဘက်က အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း (၂၁)ဦး ရှိခဲ့ပြီး အဲ့ဒီထဲက အလင်းဝင်လာသူ (၇)ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေလို့ ပြည်သူ့ပန်းတိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








