နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်နီမှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်းဖို့ တော်လှန်ရေးအင်အားစုတွေကို လူထု တိုက်တွန်း

ဖေဖော်ဝါရီလ (၂၀)ရက်။

ကရင်နီပြည်မှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်း‌တည်ဆောက်ဖို့ လူထုတွေ့ဆုံပွဲကနေ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။

လွိုင်နန်းဖမြို့နယ်ရှိ ပြည်သူတွေက လူထုတွေ့ဆုံပွဲတခုပြုလုပ်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဆီ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ရက်စွဲနဲ့ စာပို့မေတ္တာရပ်ခံထားတာပါ။

လူထုတွေ့ဆုံပွဲကနေ တိုက်တွန်းတဲ့စာကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)အပါအဝင် KNPP၊ KA၊ ကလလတ(KNPLF/KPLA)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့(KNSO/KNSA)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KNPDP/KNPDA)၊ Karenni-IEC၊ ဒီမော့ဆို Local PDFနဲ့ KNDF တို့ဆီ ပေးပို့ထားတာပါ။

အဲ့ဒီစာထဲ ဒီကနေ့အချိန်အထိ အောင်မြင်မှုပန်းတိုင်ကို လက်ဆုတ်လက်ကိုင် မပြုနိုင်တာဟာ တော်လှန်ရေးအင်အားစုတွေအကြား အာဏာရှင်အဆက်ဆက်ရဲ့ ဖိနှိပ်သွေးခွဲတာတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စုစည်းနိုင်တာမရှိဘဲ ခွဲထွက်ပြီး တော်လှန်‌ခဲ့တာကြောင့်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်အာဏာသိမ်းတာကြောင့် ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးဟာ ဒီကနေ့အထိ ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးရတာနဲ့ နေရပ်စွန့်ခွာပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးအင်အားစုတွေကနေ ပြည်သူသာ အမိ၊အဖဆိုပြီး ကြွေးကြော်ကာ အပြန်အလှန် မှီခိုကြတဲ့အတိုင်း ပြည်သူရဲ့ သဘောဆန္ဒကို တွေးခေါ်ဆုံးဖြတ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကရင်နီပြည်ရဲ့ အနာဂတ် နိုင်ငံရေးဟာ အခုစစ်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး ကရင်နီပြည်သူတွေရဲ့ အနာဂတ်ကို ရှေးရှုကာ တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး တပ်တစ်တပ်ထဲ အမြန်ဆုံး ဖွဲ့စည်းတည်ဆောက်ဖို့နဲ့ တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 50 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 56 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 45 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 49 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 32 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ