အထက်ပါ ခေါင်းစဥ်နဲ့ဒီအပတ် ၃၅ ကြိမ်မြောက် အပတ်စဉ်နိုင်ငံရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ခြင်း ဆွေးနွေးပွဲကိုပြောကြမှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအတွင်းဝန် မကြည်ပြာအမှုကို NUG က ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ တရားလိုတွေက ဘယ်လိုတုံပြန်ခဲ့ကြသလဲဆိုတာတွေအပြင် မကြည်ပြာအမှုနဲ့တပြိုင်တည်း ပြည်တွင်းပြည်ပကို ဂယက်ရိုက်ခတ်စေခဲ့တဲ့ ၄ နှစ်ကျော် တည်ထောင်လာတဲ့ တော်လှန်ရေးအဖွဲ့တခုဖြစ်ပြီး ပြည်သူထောက်ခံမှုရရှိထားတဲ့ BNRA ကို တိုက်ခိုက်ဖျက်စီးပစ်လိုက်တဲ့အတွက် ဘယ်လိုရလာဒ်တွေ ရရှိခဲ့တယ်ဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြသွားကြမှာ ဖြစ်ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက် မြန်မာစံတော်ချိန်ည ၇ နာရီခွဲ မှာ ခေတ်မျက်လုံးရဲ့ YouTube Channel ကနေ LIVE ပြောကြား တင်ဆက်သွားမှာ ဖြစ်တာကြောင့်စောင့်မျှော် ကြည့်ရှုနိုင်ကြောင်း အသိပေးလိုက်ပါတယ်။
ထုတ်လွှင့်မယ့်အချိန်ရောက်လာတဲ့အခါ အောက်မှာ ဖော်ပြထားတဲ့လင့်ကို ကလစ်လုပ်ပြီး ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
https://www.youtube.com/@eraseyechannel
ခေတ်မျက်လုံးအယ်ဒီအဖွဲ့









