ဖေဖော်ဝါရီလ (၂၃)ရက်။
အလင်းမဝင်တဲ့ Non CDM ဝန်ထမ်းတွေကို ထိန်းချုပ်ဒေသထဲ တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့ စေတုတ္တရာမြို့နယ်ပကဖရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။
စေတုတ္တရာမြို့နယ်ထဲ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတွေကို ပြည်သူဘက် အလင်းဝင်ဝန်ထမ်းအနေနဲ့ နေထိုင်ဖို့ အကြိမ်ကြိမ် သတိပေးထားတယ်လို့ ဆိုပါတယ်။
မြို့နယ်ပကဖကို သတင်းပို့ပြီး အလင်းဝင်ဝန်ထမ်အနေနဲ့ နေထိုင်တာမရှိတဲ့ Non CDM တွေကို ထိန်းချုပ်ဒေသထဲ စစ်ဆေးတွေ့ရှိရင် ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
ဒါ့ကြောင့် ထိန်းချုပ်ဒေသထဲ နေထိုင်လိုသူတွေအနေနဲ့ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေတဆင့် မြို့နယ်ပအဖနဲ့ မြို့နယ်ပကဖတွေဆီ ကြိုတင်အသိပေးအကြောင်းကြားဖို့ ထုတ်ပြန်ထားပါတယ်။
ဒီလို အသိပေးအကြောင်းကြားတာမရှိဘဲ စစ်ဆေးတွေ့ရှိရင် မြို့နယ်ပကဖက ထိရောက်စွာ အရေးယူသွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။








