ဖေဖော်ဝါရီလ (၂၄)ရက်။
NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထဲ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲပူးပေါင်းကာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုအခါ CDM ဝန်ထမ်းတွေကို စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ (၆၀)ရာခိုင်နှုန်း ခန့်အပ်ထားသလို ချီးမြှင့်ငွေတွေနဲ့ ထောက်ပံ့ကြေးတွေ ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။
နောက်ပြီး ဝန်ကြီးချုပ်ရုံး လက်အောက်ရှိ CDM ဝန်ထမ်းတွေအတွက် ၂၀၂၂ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ခုနှစ် ဇူလိုင်လအထိ စုစုပေါင်း ကျပ်သိန်း (၁၀၀၀)ကို ဝန်ကြီးဌာနရဲ့ ဘဏ္ဍာငွေကနေ ခွဲဝေပေးပို့ လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ဝန်ကြီးဌာနအနေနဲ့ အခုဖြစ်ပွားနေတဲ့ ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို အရေးယူဖို့ CDM ဝန်ထမ်း (၅)ဦးအပါအဝင် တိုင်ကြားသူ (၁၂)ဦးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အကြံပြုတာတွေ ပေးပို့တာနဲ့ စောင့်ကြည့်တာတို့ လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာအဖွဲ့တွေက အထောက်အပံ့မရပေမယ့် မိတ်ဖက်၊ အရပ်ဘက်အဖွဲ့တွေ အကူအညီနဲ့ တော်လှန်ရေး အထောက်အကူပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုအပ်တဲ့ ရန်ပုံငွေတွေ လက်ခံရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒါတွေကို လိုအပ်တဲ့ အသုံးစရိတ်သုံးစွဲတာနဲ့ပတ်သက်တဲ့ Financial Acquittal တွေကို မိတ်ဖက် အရပ်ဘက်အဖွဲ့တွေဆီ အချိန်နဲ့တပြေးညီ ပေးပို့တင်ပြပြီး စာရင်းစစ်ဆေးမှု ခံယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘဏ္ဍာငွေ ခွဲဝေအသုံးပြုတာမှာလဲ NUG စီမံ/ဘဏ္ဍာနဲ့ ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနကို လတိုင်း ငွေစာရင်းမှတ်တမ်းတွေ ပေးပို့ အစီရင်ခံတင်ပြတာနဲ့ နှစ်တိုင်း ရငွေ၊ သုံးငွေ အနှစ်ချုပ် အစီရင်ခံစာတွေကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကနေ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ အစီရင်ခံ တင်ပြခဲ့တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။








