နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်ဆိုပြီး စစ်ကော်မရှင်ဝန်ခံ

ဖေဖော်ဝါရီလ (၂၇)ရက်။

စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်လို့ မနေ့က စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ စစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့ခင် စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေကို တွေ့ရတာကြောင့် ပြန်စေလွှတ်ခဲ့ရတယ်” လို့ သူက ဆိုပါတယ်။

ဒီလို စစ်မှုထမ်းဆင့်ခေါ်တာမှာ သတ်မှတ်ထားတာတွေနဲ့ မကိုက်ညီတာတွေကို တွေ့ရတာကြောင့် စစ်မှုထမ်းသက်နဲ့ အကျုံးဝင်သူတွေကို သေချာစိစစ်ခေါ်ယူဖို့ဆိုပြီး ပြောဆိုထားပါသေးတယ်။

နောက်ပြီး စစ်မှုထမ်းဆင့်ခေါ်တာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ၊ ကြားခံလူတွေက ဥပဒေကို လက်တလုံးကြား ဆောင်ရွက်တာတွေနဲ့ မတရားပြုလုပ်ရင် ထိရောက်စွာ အရေးယူဖို့ ညွှန်ကြားခဲ့ပါတယ်။

အခုအခါမှာလဲ အရေးယူပြီးတာတွေနဲ့ အရေးယူနေတဲ့အမှုတွေလဲ ရှိတယ်လို့ သိရပြီး သတင်းမှားတွေနဲ့ မမှန်မကန် တိုင်ကြားတာတွေကို အရေးယူတာတွေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်တွေကို ခွင့်ပြုပေးနေပြီး ခွင့်ပြုခဲ့သူတွေအနေနဲ့ ရွှေ့ဆိုင်းခွင့်ပြုခဲ့သူတွေကို ပြန်လည်ဆင့်ခေါ်တဲ့အခါ ရာနှုန်းပြည့် ပြန်လည်ခေါ်ယူနိုင်အောင် ကြပ်မတ်ဖို့ ထည့်သွင်းပြောဆိုထားပါတယ်။

စစ်ကော်မရှင်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၉)အထိ သင်တန်းဆင်းခဲ့ပြီးဖြစ်ကာ မြေပြင်မှာ သင်တန်းသားအရေအတွက် ပြည့်မီဖို့ အတင်းအဓမ္မ ဖမ်းဆီးတာတွေနဲ့ ဈေးကွက်တခုလို ငွေကြေးရယူတာတွေ ရှိနေပါတယ်။

အခုအခါမှာတော့ ရန်ကုန်တိုင်းမှာ အမျိုးသမီး စစ်မှုထမ်းစာရင်းတွေပါ ကောက်ယူနေပြီး အသက် (၁၈)နှစ်ကနေ (၂၇)နှစ်ထဲရှိ အမျိုးသမီးတွေ ပါဝင်တယ်လို့ သတင်းထုတ်ပြန်ချင်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဖောင်းပြင်မြို့ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်(၅၀)ထက်မနည်း တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 13 Views
ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ
မြန်မာသတင်း

ရွာငံတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်(၁)ဦးအပါအဝင် (၁၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 15 Views
တိုက်ပွဲထဲ ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် စစ်ရေးရည်မှန်းချက်တွေ မလုပ်ဆောင်နိုင်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ရွာငံမြို့ ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ Danu PDF(၁၀၀၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ကို
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ပြည်သူတွေအနေနဲ့
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 33 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက