မတ်လ (၂)ရက်။
ပြည်သူယုံကြည်မှု ပျက်ယွင်းရင် တေယ်လှန်ရေးဆက်လုပ်လို မလွယ်ကူနိုင်ဘူးလို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။
“ ကျွန်တော်တိုအနေနဲ့ လူထုယုံကြည်မှု/ပြည်သူ့ယုံကြည်မှုဟာ အသက်ဖြစ်ပါတယ်။ ပြည်သူ့ယုံကြည်မှု ပျက်ယွင်းသွားရင်၊ တော်လှန်ရေးဆက်လုပ်လို မလွယ်ကူနိုင်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်” လို သူက ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူ့နှလုံးကို သိမ်းကြုံးနိုင်တဲ့ ပအိုဝ်းပြည်သူ့ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို အကျယ်ပြန့်ဆုံး ချဲ့ထွင်နိုင်ဖို တိုက်တွန်းထားပါတယ်။
နောက်ပြီး တော်လှန်ရေးအချိန် ကြာညောင်းလေလေ လူထုအတွက်ရော တော်လှန်ရေးဘက်တော်သားတွေအတွက်ပါ အထွေထွေအကန့်အသတ်က တဖြည်းဖြည်း ကြီးထွားလာတတ်တယ်လို သတိပေးထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးလှုပ်ရှားမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ လူထုကို ဝန်ပိစေတဲ့ကိစ္စရပ်တွေ မဖြစ်ဖို အထူးသတိထားဖိုနဲ့ လူထုအကျိုးစီးပွားနဲ့ တော်လှန်ရေးထိရောက်မှုယှဉ်လာရင် လူထုကို ပိုမိုဦးစားပေးဖို တိုက်တွန်းထားပါတယ်။
အခုအခါ စစ်ကော်မရှင်ဟာ နိုင်ငံရေးထွက်ပေါက်အတွက် အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ပြီး အုပ်ချုပ်ရေးအသက်ရှုပေါက် ချောင်အောင် လုပ်ဆောင်နေကာ သိပ်မကြာခင် “ အစိုးရသစ်” လို နာမည်တပ်ပြီး ပြည်သူကို ထပ်မံလှည့်စားဖို လုပ်နေပြန်တယ်လို ပြောဆိုထားပါတယ်။
အဲ့ဒါဟာ စစ်အာဏာရှင်အတွက် အာဏာသက်ဆိုးရှည်စေတဲ့ လုပ်ရပ်တွေဖြစ်သလို နိုင်ငံရေးအသက်ရှုပေါက် ချောင်စေဖို လှည့်စားလုပ်ဆောင်တဲ့ကိစ္စတွေပဲဖြစ်ကာ ကျယ်ကျယ်ပြန့်ပြန့် သိနားလည်အောင် ကြိုးစားဖို တိုက်တွန်းထားတယ်လို သိရပါတယ်။








