နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက်

Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်း က ဟန်ဂေရီ ကို ယူကရိန်း၏ ဘဏ်ဝန်ထမ်းများအား ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု စွပ်စွဲခဲ့သည်။

ယူကရိန်းသို့ ငွေသားများ သယ်ဆောင်လာသည့် ယူကရိန်းသံချပ်ကာယာဉ် နှစ်စီးကို ဟန်ဂေရီ အခွန်အာဏာပိုင်များက အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့များ သုံး၍ ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့ခြင်းသည် နှစ်နိုင်ငံတင်းမာမှုကို သိသိသာသာ မြင့်တက်စေခဲ့သည်။ ဤတင်းမာမှု များကြောင့် ဘူဒါပတ်စ်သည် ယူကရိန်းအတွက် ဥရောပသမဂ္ဂ (EU) ၏ ယူရိုဘီလီယံပေါင်း များစွာတန်သော အကူအညီများကို ပိတ်ဆို့ထားပြီး ဖြစ်သည်။

“ အမျိုးသား အခွန်နှင့် အကောက်ခွန် စီမံခန့်ခွဲရေးဌာန (NAV) အနေဖြင့် ငွေကြေးခဝါချမှု သံသယဖြင့် ရာဇဝတ်မှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်နေပါတယ်” ဟု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာ ယူကရိန်း ထောက်လှမ်းရေးဌာန ဂျင်နရယ်ဟောင်း တစ်ဦး အပါအဝင် ယူကရိန်းနိုင်ငံသား ခုနစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဩစတြီးယားကနေ ယူကရိန်းကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀ သန်း၊ ယူရို ၃၅ သန်းနဲ့ ရွှေကိုးကီလိုဂရမ် သယ်ဆောင် လာတဲ့ သံချပ်ကာ ငွေသယ်ယာဉ် နှစ်စီးကိုလည်း သိမ်းဆည်းထားပါတယ်” ဟု ဆိုသည်။

အခွန်အာဏာပိုင်အဖွဲ့က ၎င်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto ကမူ ယူကရိန်းအနေဖြင့် ဟန်ဂေရီနိုင်ငံကို ဖြတ်သန်းသည့် အဆိုပါ ငွေသားသယ် ယူမှုများနှင့် ပတ်သက်၍ အဖြေပေးရမည်ဟု ဆိုသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ဇိုလ်တန် ကိုဗက်(Zoltan Kovacs) က ဖမ်းဆီးထားသူ ခုနစ်ဦးကို ဟန်ဂေရီနိုင်ငံမှ နှင်ထုတ်မည်ဟု ပြောကြားခဲ့သော်လည်း ၎င်းတို့သယ်ဆောင်လာသည့် ငွေကြေးများအား မည်သို့ ဆက်လက်လုပ်ဆောင်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဟန်ဂေရီဆိုင်ရာ ယူကရိန်းသံအမတ် ဆန်ဒေါ ဖက်ရာ(Sandor Fegyir) သည် ဖမ်းဆီးခံ ထားရသည့် ယူကရိန်းနိုင်ငံသားများနှင့် တွေ့ဆုံရန် ဘူဒါပတ်စ်ရှိ အကြမ်းဖက်မှု တိုက်ဖျက် ရေး ဗဟိုဌာနချုပ်သို့ သွားရောက်ခဲ့ကြောင်း Reuters သတင်းထောက်နှစ်ဦးက မြင်တွေ့ ခဲ့ရသည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အင်ဒရီဆိုင်ဘီဟာ(Andrii Sybiha) ကမူ ဖမ်းဆီးခံရ သူများသည် Oschadbank (ယူကရိန်းနိုင်ငံပိုင်ဘဏ်) မှ ဝန်ထမ်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ တကယ်တော့ ဒါဟာ ဟန်ဂေရီက ဓားစာခံဖမ်းပြီး ငွေခိုးနေတာပါပဲ” ဟု Sybiha က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ “ ဒါဟာ နိုင်ငံတော်အဆင့် အကြမ်းဖက်မှုနဲ့ ငွေညှစ်မှု (Racketeering) ဖြစ်ပါတယ်” ဟု ဆိုသည်။

ယူကရိန်းနိုင်ငံသားများကို ချက်ချင်းပြန်လွှတ်ပေးရန် တရားဝင် ကန့်ကွက်စာ ပေးပို့ထားပြီး ဟန်ဂေရီ၏ “ တရားမဝင် လုပ်ရပ်များ” အပေါ် ရှင်းလင်းသော သတ်မှတ်ချက်တစ်ခု ပေးရန် ဥရောပသမဂ္ဂကို တောင်းဆိုသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် ယူကရိန်းနိုင်ငံသားများအနေဖြင့် ဟန်ဂေရီသို့ မသွားရောက်ရန် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး၊ ဟန်ဂေရီအာဏာပိုင်များ၏ “ လက်တစ်လုံးခြား လုပ်ရပ်များ” ကြောင့် လုံခြုံရေးကို အာမမခံနိုင်ကြောင်း ပြောကြား ခဲ့သည်။

ဟန်ဂေရီနှင့် စလိုဗက်ကီးယားနိုင်ငံတို့က ယူကရိန်းသည် ပျက်စီးနေသော Druzhba ရေနံပိုက်လိုင်းမှ ရေနံပြန်လည်စီးဆင်းမှုကို နိုင်ငံရေးအကြောင်းပြချက်ဖြင့် တမင်နှောင့်နှေး အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။ ကိယက်ဗ်ကမူ ယင်းစွပ်စွဲချက်ကို ငြင်းဆို ထားပြီး ဇန်နဝါရီ ၂၇ ရက်က ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စွမ်းအင် အခြေခံ အဆောက်အအုံများကို ပြုပြင်ရန် အချိန်လိုအပ်နေခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လာမည့် ဧပြီ ၁၂ ရက် ရွေးကောက်ပွဲတွင် ၁၆ နှစ်ကြာ အုပ်ချုပ်လာမှုအတွက် ပြင်းထန်သော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) သည် ယူကရိန်းစစ်ပွဲကို သူ၏ မဲဆွယ်စည်းရုံးရေးတွင် အဓိကထား အသုံးချနေပြီး၊ အတိုက်အခံ များက ဟန်ဂေရီကို ပဋိပက္ခထဲသို့ ဆွဲသွင်းလိမ့်မည်ဟု ဝါဒဖြန့်လျက်ရှိသည်။

၎င်းသည် မော်စကိုအပေါ် EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များနှင့် ရေနံအငြင်းပွားမှုကြောင့် ယူကရိန်းအတွက် အကြီးစားချေးငွေများကို ဗီတိုအာဏာသုံး၍ ပိတ်ပင်ထားသည်။

Sybiha က “ ဟန်ဂေရီအနေနဲ့ ယူကရိန်းကို သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေထဲ ဆွဲမသွင်းဖို့” တောင်းဆိုကြောင်း X တွင် ရေးသားခဲ့သည်။

အော်ဘန်ကမူ ကိယက်ဗ်သည် ၎င်းတို့ကို ခြိမ်းခြောက်ငွေညှစ်နေသည်ဟု စွပ်စွဲခဲ့ပြီး ရေနံများ ပြန်လည်မစီးဆင်းမချင်း ဟန်ဂေရီ၏ လက်ဝယ်ရှိသော နည်းလမ်းအားလုံးကို အသုံးပြု သွားမည်ဟု ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ယူကရိန်းကို ဒီဇယ်တင်ပို့မှုကို ရပ်တန့်ထားပြီးပါပြီ၊ လျှပ်စစ်ဓာတ်အား တင်ပို့မှု ကိုတော့ ထိန်းထားဆဲပါ။ ဒါပေမဲ့ ရေနံတင်ပို့မှုကို ယူကရိန်းက သဘောမတူမချင်း သူတို့အတွက် အရေးပါတဲ့ ဟန်ဂေရီဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုတွေကို ရပ်တန့်သွားမှာပါ” ဟု အော်ဘန်က နိုင်ငံပိုင်ရေဒီယိုတွင် ပြောကြားခဲ့သည်။ သို့သော် ဘဏ်ဝန်ထမ်းများ ဖမ်းဆီး ခံရသည့် ကိစ္စကိုမူ ၎င်းက ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။

ယူကရိန်းဘဏ် (Oschadbank) ကမူ ၎င်းတို့၏ ဝန်ထမ်းများသည် “ ဩစတြီးယားနိုင်ငံ Raiffeisen ဘဏ်နှင့် နိုင်ငံတကာ သဘောတူညီချက်အရ” ပုံမှန်လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျူးကျော်စစ်စတင်ကတည်းက နိုင်ငံခြားငွေနဲ့ ဘဏ်သုံးသတ္တုတွေကို ကုန်းလမ်းကနေပဲ သယ်ဆောင်ခဲ့တာပါ။ ဒီလိုခရီးစဉ်တွေကို Oschadbank ရဲ့ ငွေသယ်ယာဉ်တွေနဲ့ အပတ်စဉ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Raiffeisen International ဘဏ်ကမူ ဘဏ်လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက် စည်းမျဉ်းများကို အကြောင်းပြကာ ဤကိစ္စအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ယူကရိန်းနိုင်ငံပိုင် စုဆောင်းငွေဘဏ်မှ ဝန်ထမ်းခုနစ်ဦးသည် ဩစတြီးယားမှ ယူကရိန်းသို့ ငွေသားများ သယ်ဆောင်လာစဉ် ဟန်ဂေရီက ဖမ်းဆီးထားကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အင်ဒရီ ဆိုင်ဘီဟာ(Andrii Sybiha) က စွပ်စွဲပြောကြားခဲ့သည်။ (ဓာတ်ပုံ – Viktor Kovalchuk/Global Images Ukraine/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အားနည်းနေသည့် အီရန်က စစ်ပွဲကို အဘယ်ကြောင့် ဆက်လက်ဆွဲဆန့်ရန် ကြိုးပမ်းနေသနည်း

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် အီရန်နိုင်ငံသည် ၎င်း၏အုပ်ချုပ်ရေးယန္တရားအတွက် အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း၊ ဒေသတွင်းအခြေအနေကို မိမိတို့အလိုကျ ပြန်လည်ပုံဖော်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နှင့် အစ္စရေးတို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခကို ဆက်လက်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အီရန်စစ်ပွဲ ရပ်တည်ချက်နှင့် ပတ်သက်၍ ထရမ့်က ဗြိတိန်ကို ပြစ်တင်ဝေဖန်နေစဉ်အတွင်း ဘုရင်မင်းမြတ်၏ ခရီးစဉ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 22 Views
CNN- ၂၀၂၅ခုနှစ်၊ မတ်လ ၁၈ရက် လန်ဒန်မြို့ — ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) သည် စည်းကမ်းကြီးပြီး ရှေ့နေပီပီ စကားကို ချင့်ချိန်ပြောဆိုတတ်သူ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ စစ်ပွဲကို ဝေဖန်ခဲ့သည့် ထရမ့်ခန့်အပ်ထားသူ အထင်ကရပုဂ္ဂိုလ်တစ်ဦး၏ ပထမဆုံးသော နုတ်ထွက်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 16 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 109 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်