ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်
မတ်လ (၂၈)ရက်။
ရခိုင်ဒေသ မြိုသိမ်းတိုက်ပွဲတွေပြီးနောက် စစ်ကော်မရှင်အပါအဝင် အကြမ်းဖက်အဖွဲတွေနဲ ဆက်စပ်တဲ့ နေအိမ်တွေကို AA က လုပ်ထုံးလုပ်နည်းနဲ့တွေနဲ့အညီ ချိတ်ပိတ်ခဲ့တယ်လို သိရပါတယ်။
အဲ့ဒီလို ချိတ်ပိတ်ခဲ့တာမှာ အိမ်ပိုင်ရှင်အချိုဟာ သူတိုအိမ်တွေ ပြန်ရဖိုအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ အသနားခံစာ တင်လာတာတွေရှိတယ်လို ဆိုပါတယ်။
အခုလို အသနားခံစာတင်လာတာတွေကို စနစ်တကျ စိစစ်ပြီး တချိုအိမ်တွေကို မူလအိမ်ပိုင်ရှင်တွေဆီ ပြန်လည်လွှဲပြောင်ပေးအပ်ခဲ့တယ်လို ဖော်ပြထားပါတယ်။
နေအိမ်ချိတ်ပိတ်ခံရသူတွေဟာ အာရက္ခပြည်သူ့အစိုးက ချိတ်ပိတ်ထားတဲ့ နေအိမ်မှာ မိသားစုနဲ့အတူ ရိုးသားစွာ လုပ်ကိုင်စားသောက် နေထိုင်ကာ စစ်ကော်မရှင်အပါအဝင် ဆန့်ကျင်ဖက်အဖွဲတွေနဲ့ ဆက်စပ်မပတ်သက်ဘူးဆိုပြီး အသနားခံစာ တင်လာခဲ့တာလို သိရပါတယ်။
“ မြိုသိမ်းတိုက်ပွဲတွေအပြီး နောက်ပိုင်းမှာ ကျနော်တိုတော်လှန်ရီးအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲအစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ဆက်စပ်တဲ့သူတွေ၊ အကြမ်းဖက်အဖွဲအစည်း၊ အကြမ်းဖက်သမားနဲ့ ပတ်သက်ဆက်စပ်တဲ့သူတွေ ပိုင်ဆိုင်တဲ့ နေအိမ်၊ အဆောက်အအုံတွေကို အခြေအနေနဲ့ လိုအပ်ချက်အရ ချိတ်ပိတ်ခဲ့ပါတယ်။ အဲ့ဒီအပေါ်မှာ အိမ်ပိုင်ရှင်တွေဖက်က သူတို အပြစ်ကင်းကြောင်း အချက်အလက် အပြည့်အစုံနဲ့ အသနားခံစာတင်ပြလာတဲ့အတွက် ကျနော်တိုဖက်က ပြန်စိစစ်ပြီး အပြစ်ကင်းတယ်ဆိုပြီး ချိတ်ပိတ်ထားတာကို ပြန်ဖွင့်လို မူလပိုင်ရှင်လက်ကို လွှဲပြောင်းပေးလိုက်ပါတယ်” လို ဦးခိုင်သုခက ပြောပါတယ်။
ဒီလို ချိတ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှင်တွေအနေနဲ့ အမှန်တကယ် အပြစ်ကင်းတယ်ဆိုရင် အပြစ်ကင်းကြောင်း အထောက်အထား အချက်အလက် အပြည့်အစုံနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ အသနားခံစာတင်နိုင်တယ်လို အသိပေးထားပါတယ်။
အခုအခါ AA ရဲ့ နေအိမ်ချိတ်ပိတ်ခံရသူတွေထဲ စစ်ရှောင်တွေနဲ့ ကျန်းမာရေးကြောင့် ဆေးကုသမှု ခံယူဖိုအပြင် အကြောင်းကိစ္စတခုခုကြောင့် နေရပ်စွန့်ခွာပြီး အခြားနေရာဒေသတွေကို ရောက်နေသူတွေ ပါဝင်တယ်လို ဆိုပါတယ်။
ဒါ့အပြင် အာရက္ခတော်လှန်ရေးအစိုးရအနေနဲ့ အုပ်ချုပ်နေတဲ့ မြိုနယ်တွေမှာ စစ်ကော်မရှင်နဲ့ ပတ်သက်ဆက်နွယ်သူတွေ ပိုင်ဆိုင်တဲ့ နေအိမ်နဲ့ အဆောက်အအုံတွေကိုသာ ချိတ်ပိတ်တာလို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








