ဧပြီလ (၄)ရက်။
မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17 လေယာဉ်တွေကို လိုက်ပစ်တာ။ အဲ့ဒီမှာ တစီးထိသွားတယ်။ အခြေအနေကိုတော့ စုံစမ်းနေဆဲပါ” လို့ ဆိုပါတယ်။
မုံရွာနမခကနေ ပေါက်နယ် ကပစ(၂၄)နဲ့ ပင်ထောင်ပျူစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်သွားနေတဲ့ MI-17 လေယာဉ်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံပစ်ခတ်ခဲ့တာပါ။
အဲ့ဒီလိုပစ်ခတ်တာကြောင့် စစ်တပ်ရဲ့ MI-17 လေယာဉ်တစီး ထိမှန်ခဲ့ကာ ထိခိုက်တဲ့ အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းထဲ ပေါက်နဲ့ မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းတွေ လှုပ်ရှားနေတာကြောင့် ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးအသိနဲ့ နေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။
အဲ့ဒီနယ်မြေတွေကို စစ်တပ်စစ်ကြောင်းတွေ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ယူဆရတာကြောင့် သက်ဆိုင်ရာအလိုက် ကြိုတင်ပြင်ဆင်ကြဖို့ မြိုင်ပကဖက တိုက်တွန်းထားတယ်လို့ သိရပါတယ်။








