ဧပြီလ (၆)ရက်။
ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊ မင်္ဂလာပွဲတွေနဲ့ ဆေးရုံဆေးပေးခန်းတွေကို ရက်စက်စွာ သတ်ဖြတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒါကြောင့် လာမယ့် သင်္ကြန်ကာလမှာ လုံခြုံရေးအသိ လုံခြုံရေးသတိနဲ့ အထူးဂရုစိုက် ဖြတ်သန်းကြဖို့ မြို့နယ်ပအဖက တိုက်တွန်နှိုးဆော်ထားပါတယ်။
နောက်ပြီး မြို့နယ်ပအဖအနေနဲ့ ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးတာတွေ လုပ်ဆောင်ခဲ့ရာ ဒေသခံတွေ အထိုက်အလျောက် နားလည်သိရှိပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလဲ အလှူပွဲ မင်္ဂလာပွဲတွေမှာ ဧည့်ခံဖျော်ဖြေရေးတွေနဲ့ ဆိုင်းဝိုင်းတွေကို တားမြစ်ကန့်သတ်တဲ့ ကြေညာချက်ကို နားလည်သဘောပေါက် လက်ခံလိုက်နာတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီကြေညာချက်ကို မြို့နယ်ပအဖက အခုထပ်မံထုတ်ပြန်တဲ့ရက်ကစပြီး ဖြေလျော့ခဲ့ကာ ဘာသာရေးဆိုင်ရာပွဲတွေ ကျင်းပတဲ့အခါ သက်ဆိုင်ရာ ရပ်/ကျေး ပအဖ၊ပကဖ၊ပလဖတို့နဲ့ ညှိနှိုင်းပြီး သတိပြုဆောင်ရွက်ဖို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။








