ဧပြီလ (၇)ရက်။
ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
“ မုံရွာ နမခဘက်ကနေ အသေခံဒရုန်းတစီးနဲ့ ဒီပဲယင်းနယ်အနောက်ခြမ်း အင်ပင်ရွာထဲကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်သွားတာ။ ထိခိုက်ပျက်စီးတာကို စိစစ်နေဆဲပါ” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ မုံရွာအခြေစိုက် နမခဘက်ကနေ အင်ပင်ရွာထဲ အသေခံဒရုန်းတစီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးတဲ့ အခြေအနေကို စိစစ်နေတယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် သတိပေးချက်တွေကို အထူးဂရုပြုပြီး ဘေးကင်းရာနေရာတွေမှာ နေထိုင်ကြဖို့ မြို့နယ်ပအဖက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ဒီပဲယင်းနယ်ထဲ ခြေလျင်စစ်ကြောင်းအပါအဝင် လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုပြုလုပ်လာတာကြောင့် သင်္ကြန်ကာလထဲ လုံခြုံရေးသတိနဲ့ ဖြတ်သန်းကြဖို့ကိုလဲ နှိုးဆော်ထားတယ်လို့ သိရပါတယ်။








