ဧပြီလ (၇)ရက်။
ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ လက်နက်အပ်ပြီး အလင်းဝင်လာတဲ့ စကမတပ်သားက ခင်ဦးမြို့နယ် အထကမှာ အထိုင်ချတပ်စွဲနေတာ။ သူက UG အဖွဲ့နဲ့ ချိတ်ဆက်ပြီး သူကိုင်တဲ့သေနတ်နဲ့ အလင်းဝင်လာတာ” လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်သားဟာ ခင်ဦးမြို့နယ် အထကမှာ အထိုင်ချတပ်စွဲနေသူဖြစ်ပြီး ခင်ဦးမြို့နယ်ပကဖရဲ့ UG အဖွဲ့နဲ့ ချိတ်ဆက်လာတာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ကော်မရှင်တပ်သားဟာ သူကိုင်ဆောင်တဲ့ MA-1 သေနတ်ကိုပါ အပ်နှံပြီး ပြည်သူ့ဘက်တော်သားအနေနဲ့ ခံယူကာ အလင်းဝင်လာတာကို မြို့နယ်ပကဖက လက်ခံခဲ့တာလို့ ဆိုပါတယ်။
အခုလို လက်နက်အပ်နှံပြီး အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်သားကို မြို့နယ်ပကဖက (၂၅)သိန်းကျပ် ချီးမြှင့်ခဲ့တယ်လို့လဲ သိရပါတယ်။








